Arc(4.3)ချင်းဝေ့ယွမ်

1.9K 229 43
                                        

Unicode

"မနက်ဖြန် သားတို့ရဲ့ ညီလေးနှစ်ယောက် အိမ်ကိုရောက်လာလိမ့်မယ်"

"တောက်!"

ချန်လိက ဒေါသတကြီးလက်ထဲက ဇွန်းနဲ့ခရင်းကိုပစ်ချလိုက်သည်

"ကျွန်တော်လက်မခံဘူးလို့ပြောထားပြီးသားနော် ပါး"

"ချန်လိ သူတို့က မင်းညီတွေပဲလေ"

"ဟက် အငယ်အနှောင်းသားတွေကများ ဒီမှာ ပါး သူတို့ကို ကျွန်တော့်ညီလို့ လုံးဝမသတ်မှတ်နိုင်ဘူး လုံးဝပဲ"

ထမင်းဝိုင်းမှ ဝုန်းဒိုင်းကျဲထထွက်သွားတဲ့ ချန်ကောကိုကြည့်ပြီး ဦးလေးလျိုက မျက်နှာမကောင်း

"စိတ်မကောင်းမဖြစ်ပါနဲ့ ပါး ချန်လိက ဒီလိုပဲ မဟုတ်လား သူစိတ်ပြေသွားရင်အဆင်ပြေသွားမှာပါ ဒါနဲ့ ညီလေးတို့က ဘယ်အချိန်လာမှာလဲ ကျွန်တော်သွားကြိုပေးရမလား"

"မလိုဘူး သားကဆေးရုံတဖက်နဲ့အားမှမအားပဲ ပါး လုဝမ်ကို ကြိုခိုင်းလိုက်တယ်
လုဝမ်နဲ့အတူလာလိမ့်မယ်"

"ဦး လဲ လာမှာလား"

"ဟုတ်တယ် ပါး သူနဲ့တိုင်ပင်စရာလေးတွေရှိတယ်
သားမင်ရိနဲ့မုဖင်း ပါးတခုတောင်းဆိုချင်တယ်"

"ဟုတ်ကဲ့"
"ပြောပါ ပါး"

"သူတို့လေးတွေကို ညီလေးလို့သတ်မှတ်ပြီးမချစ်ပေးနိုင်ရင်တောင် ကူညီစောင့်ရှောက်ပေးကြပါလို့ ပါး တောင်းဆိုချင်တယ်"

ပါးစကားကြောင့် မင်ရိကပြုံးလိုက်ပြီး

"ပါးရဲ့သားက သားတို့ရဲ့ညီလေးပဲပေါ့ ပါးစိတ်မပူပါနဲ့"

"ဟုတ်ပါတယ် သားတို့ စောင့်ရှောက်ပေးမှာပါ"

"ကျေးဇူးပါပဲ သားတို့ရယ်"

"ကျန်းဝေလဲ စောင့်ရှောက်ပေးမှာပါနော် ညီလေးတို့ကို ကျွန်တော့်ရဲ့အကျင့်ကောင်းလေးတွေသင်ပေးရမယ် ဟီး"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Место, где живут истории. Откройте их для себя