Arc(4.11)ချင်းဝေ့ယွမ်

1.7K 223 38
                                        

Unicode

မုဖင်းတို့......လမ်းကြားထဲပြန်လာတော့ ထိုလမ်းထဲမှာ ရဲကားသံများ ဆေးရုံကားသံများနှင့်ဆူညံနေသည်

"ကလေး"

"မောင် ဘယ်သူလဲ တရားခံက ဘယ်သူလဲ မောင်"

"‌မောင်တို့ မမှီလိုက်ဘူး လွတ်သွားတယ် ကလေး ‌မောင်တို့အိမ်အမြန်ပြန်ပြီး စစ်ဆေးရအောင်"

"အွန်း ဒါနဲ့ မောင် Roseမသေခင်က ပြောခဲ့တာ တရားခံက ချန်ကောတဲ့"

"ဘာ!မဖြစ်နိုင်ဘူး အစ်ကို(2)ကသေသွားပြီလေ"

"မဖြစ်နိုင်တာတော့ မဟုတ်ဘူး မောင်"

"ဘယ်လို"

"အခု ငါတို့အိမ်ပြန်ရအောင် ဒီနေရာကို ရဲတွေ ထိန်းထားလိမ့်မယ်"

"သွားရအောင်"

သူတို့အိမ်ပြန်ရောက်တော့ အိမ်ရှေ့မှာ ဟွား ဦးလေးလုဝမ်နဲ့ ဟန်ယွဲ့တို့ဆရာတပည့်နှစ်ယောက်ကိုတွေ့လိုက်သည်

"ဦးလေး"

"ဝေ့ယွမ် ဘယ်လိုလဲ Roseကိုမိလား မင်း မင်းအင်္ကျီမှာ သွေးတွေ ဘယ်လိုတွေဖြစ်ကုန်တာလဲ"

"သူအသတ်ခံလိုက်ရတယ်"

"ဘာ Roseအသတ်ခံရတယ် ဟုတ်လား တရားခံကရော"

"ဟုတ်တယ် ဦးလေးလု တရားခံကတော့ မဖမ်းမိခဲ့ဘူး"

"တောက် မဖြစ်နိုင်တာ မင်းတို့4ယောက် ဟိုကတယောက်တည်း ဒါမှမဟုတ် မင်းတို့တမင်မဖမ်းခဲ့တာလား"

"ဦးလေး ဘယ်လိုပြောလိုက်တာလဲ ကျွန်တော်တို့က ဘာလို့အဲ့လိုလုပ်ရမှာလဲ"

"မသိနိုင်ဘူး ခုချိန်မှာ ငါ ဘယ်သူမှမယုံနိုင်ဘူး"

"ဦးလေးလု ဦးလေးတို့အားလုံးက အတူရှိနေခဲ့တာလား"

"မဟုတ်ဘူး ငါတို့တလမ်းစီလိုက်ခဲ့တာ အခုမှဆုံကြတာ"

💚LOVE SYSTEM(1)❤️(Zaw+ Uni)حيث تعيش القصص. اكتشف الآن