အိမ်ထဲက တယောက်တခွန်း အချေအတင်ပြိုင်ဆိုင်နေသံများကိုလျစ်လျူရှုပြီး
ချန်းကျိုးရန်က ရှန်ဝူကျွင့်လက်ကိုဆွဲကာထွက်လာခဲ့သည်"Sorry ရှန်လေး ကိုယ့်တူတွေကြောင့် မင်းလေးစိတ်ရှုပ်နေရပြီ"
"အဲ့ အဲ့လောက်လဲမဟုတ်ပါဘူး ဟို လက်လေးလွှတ်ပါဦးလား"
ဝူကျွင့် သူ့လက်ကိုဆုပ်ကိုင်ထားတဲ့လက်ဝါးကြီးထဲကရုန်းကန် နေရင်းပြောလိုက်သည်
ဝူကျွင့် သူ့လက်ထဲကရုန်းနေတာကြာပြီ အားကုန်သုံးနေတာတောင် ဒီလူကြီးလက်ကမလွှတ်မြောက်နိုင်သေးဘူး"ဟိုလူကြီး!"
ဝူကျွင့်ဆူဆောင့်ဆောင့်အော်သံကြောင့်လူကြီးက သူ့ကိုပြုံးကာကြည့်လာပြီး
တွဲထားတဲ့လက်တစုံကို ဝူကျွင့်မျက်နှာရှေ့တိုးကပ်စေပြီးနောက်"ဒီလက်ကလေးကိုလား ကိုယ်မလွှတ်ပေးချင်ဘူးကွာ
ဘယ်လိုလုပ်မလဲ"ဝူကျွင့် သူ့မျက်နှာနား ကပ်လာတဲ့လူကြီးကို ရှောင်ဖယ်ရင်း
"ကျ ကျွန်တော် သင်တန်းနောက်ကျတော့မယ်!"
"ဟက် ဟုတ်ပါပြီကွာ အခုတော့ရှိစေဦးပေါ့"
ထိုလူကြီးက ဝူကျွင့်ကို ကားနားထိ ဆွဲခေါ်လာပြီး
ကားတံခါးကို ကိုယ်တိုင်ဖွင့်ပေးကာ ထိုင်စေသည်"ရှန်လေး Seat belt..."
"တပ်ပြီးပြီ မောင်းလို့ရပြီ"
ဝူကျွင့် Seat beltကိုကိုင်ပြရင်း မျက်နှာပျက်သွားတဲ့လူကြီးကိုကြည့်ပြီး ကျေကျေနပ်နပ်ကြီးပြုံးလိုက်သည်
ဟွန့် သူ့အကြံတွေများမသိတာကျလို့"ဟင် ဘာလုပ်...."
ဝူကျွင့် အပျော်တောင်မဆုံးသေး လူကြီးက ဝူကျွင့်seat beltကြိုးကိုပြန်ဖြုတ်လိုက်ပြီးပိုပိုသာသာကို သူ့အနားတိုးကပ်လာသည်
"ကိုယ်ကလုပ်ပေးချင်တာလေ"
ထို့နောက် Seat beltကိုတဖန်ပြန်ဆွဲယူကာ ပြန်တပ်ပေးသည်
![](https://img.wattpad.com/cover/256862918-288-k759614.jpg)
VOUS LISEZ
💚LOVE SYSTEM(1)❤️(Zaw+ Uni)