Arc(4.4)ချင်းဝေ့ယွမ်

1.7K 221 38
                                    

Unicode

"ပြန်လာပြီလား လျိုဝေ့ယွမ်"

အိမ်ထဲကိုပြေးဝင်လာတဲ့ဝေ့ယွမ်ကို ဧည့်ခန်းထဲ ထိုင်နေတဲ့လူကြီးတယောက်ကပြောလိုက်ခြင်းပင်

[Host အဲ့ဒါဝေ့ယွမ် ပါးပါး]

"ပါးပါးနော် ဘာလျိုဝေ့ယွမ်လဲ မားမား ပါးပါးကိုပြောဦး"

ဝေ့ယွမ် မားမားကိုစစ်ကူတောင်းတော့ မားမာက kitchenထဲကထွက်လာပြီး

"ယွမ်ယွမ် ပါးပါးပြောနေတာလဲမှားတာမှမဟုတ်တာ ယွမ်ယွမ် အိမ်ပြန်မလာတဲ့နေ့တွေဆို ဘယ်မှပြေးရှာစရာမလိုဘူး လျိုအိမ်တော်ပဲရောက်နေတာမဟုတ်လား"

"အဲ့ဒါက ပါးပါးနဲ့မားမားကြောင့်လေ"

"ဟေ ဘယ်လို ငါတို့ကြောင့်ဖြစ်ရတာလဲ"

"ယွမ်ယွမ် တယောက်တည်းပျင်းတယ် ညီလေး ညီမလေးမွေးပေးပါဆိုတာကိုပါးပါးတို့မှ မမွေးပေးတာ အဲ့တော့ ယွမ်ယွမ်က ကိုကိုတွေ ညီလေးတွေရှိတဲ့ဆီသွားတာပေါ့"

"ဒါလဲဟုတ်သားပဲ မိန်းမ ယွမ်ယွမ်ဖို့ ညီလေးတယောက်လောက်မွေးပေးရအောင်"

ဒေါက်

"ရှင်မွေးပေးချင်ရင် ရှင်ကိုယ်တိုင် လွယ်မွေးပေးလိုက်
ကျွန်မကတော့ ဒီတယောက်နဲ့တင် တော်တော်လက်လန်နေပြီ ထပ်မထိန်းနိုင်တော့ဘူး"

ဝေ့ယွမ်က နှုတ်ခမ်းလေးဆူကာ မားမားကိုပြေးဖက်ရင်း

"ဟွန့် မားမားကလဲ ယွမ်ယွမ်က အဲ့လောက်ဆိုးပါဘူး"

"ဆိုးတယ် အဆိုးလေး"

"ဆိုးတော့ ချစ်ဘူးလား"

"မားမားမှာ ဒီအဆိုးလေးပဲရှိတာ ဒီအဆိုးလေးကလွဲရင် ဘယ်သူ့ချစ်ရမလဲ"

"မိန်းမ ကိုယ်ကရော..."

"ကိုယ်တွေခေါင်းတွေလုပ်မနေနဲ့ သွား ဟင်းသွားချက် ကျွန်မ သားလေးက စာမေးပွဲဖြေလာရလို့ ပင်ပန်းနေမှာ သွားနားတော့သားလေး"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now