Arc(3.17)Terry

1.7K 252 87
                                    

Unicode

ဒါပေမဲ့ သူဒီက ဘယ်လိုထွက်ရမလဲ မောင်ကပေးထွက်မှာမဟုတ်တာ သူသိနေတယ်

ဒီကမ္ဘာမှာအရာအားလုံးကတဖြည်းဖြည်းရှုပ်ထွေးလာတယ်
သူအတွက်missionတွေကို သူမလုပ်ချင်ဘူး
Terryရဲ့စိတ်ထဲဘာလို့missionတွေကသူနဲ့မဆိုင်သလိုခံစားနေရတာလဲ

'ဝမ်ရှန့် ငါ့အတွက်missionကတခုတည်းလား'

[Missionတွေကအချိန်တန်ရင်ထွက်ပေါ်လာမှာပါ
အခုhostအတွက်missionကMickရဲ့သရုပ်မှန်ကိုဖော်ထုတ်ဖို့ပါပဲ]

ဘာကြောင့်မှန်းမသိ ဒါထက်အရေးကြီးတာရှိနေတယ်လို့ သူခံစားနေရသလိုပဲ
ဝမ်ရှန့်ကလဲ မပြောပြဘူး
ဒီကမ္ဘာမှာ မောင်ကလဲ သူ့ကိုအကူအညီမပေးဘူး
သူကသိပြီးသားအကြောင်းအရာတွေတောင်ပြန်ဖျက်ချင်နေတာ

"ဘာတွေများတွေးနေလို့ ကိုယ်ခေါ်တာတောင်မကြားရတာလဲTerry"

Terryအနားကအသံကြောင့်ထခုန်မတက်လန့်ဖျန့်သွားသည်
သူဘယ်အချိန်တည်းကရောက်နေတာလဲ

"Baby"

တော်စမ်း မင်းကို လုံးဝမကျေနပ်ဘူးနော် မောင်
မင်းက ကောင်လေးတယောက်အတွက်ကြောင့်ငါ့missionတွေကိုနှောင့်နှေးအောင်လုပ်ထားတယ်

"ခင်ဗျားကိုဒီအခန်းထဲ ကျွန်တော်ဝင်ခွင့်ပေးထားလို့လား"

Mikeအနည်းငယ်ကြောင်သွားသည်
သူသိသလောက်တော့ babyနဲ့သူ့ကြားမှာကတောက်ကဆဖြစ်စရာဘာအကြောင်းမှမရှိပါဘူး

"Babyအနှောက်အယှက်ဖြစ်သွားရင်sorryပါ
ကိုယ်ကbabyမနက်စာလာမစားလို့စိတ်ပူနေတာ"

"မလိုဘူး ပြီးတော့ ကျွန်တော်ဒီမှာမစားဘူး အပြင်သွားမှာ"

"အပြင်?"

"ကျွန်တော်သွားစရာရှိတယ်"

"မသွားရဘူး"

"အော်ဟော် ခင်ဗျားမှာတားပိုင်ခွင့်ရှိလား"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now