Arc(1.1)ရှောင်းကျန့်

5K 454 3
                                        

Unicode

[Hostရေ hostတို့တွေ့မှရှင်းကြပါ ခုတော့ဇာတ်လမ်းကိုပြီးအောင်ဖတ်ပါလို့]

'‌အေးပါကွာ'

ရှောင်းကျန့် ဇာတ်ကြောင်းဆက်ဖတ်နေလိုက်သည်

ဒါပေမဲ့ ကျောင်းမှာ ဇာတ်လိုက်မကိုသဘောကျနေတဲ့သူတယောက်ရှိသေးတယ် သူက‌တော့ဒီကမ္ဘာရဲ့ ဗီလိန် ဝမ်ချန်ဝူဝမ်ရိပေါ်ရဲ့ဖအေတူမအေကွဲညီလေး သူက ဥစ္စာပေါ ရုပ်ချောဆိုတော့ confidence level is so highနေပြီး အောက်ခြေလွတ်နေတဲ့သူ
ပြီးတော့ သူကဇာတ်လိုက်မုန်းတီးရေးသမားပဲ ဘာလို့ဆို သူ့ရဲ့ရပိုင်ခွင့်တွေအကုန်လုံး ရိပေါ်ကပဲ ရနေခဲ့လို့
သူကလဲဝမ်သူဌေးရဲ့သားတယောက်မို့ ဝမ်group ပိုင်ဆိုင်ချင်တယ် ဒါပေမဲ့ ဝမ်သူဌေးက သူ့ရဲ့ပထမသားကိုပဲ စည်းစိမ်အားလုံးနီးပါးအပြင် ဝမ်groupကိုပါ လွှဲပေးခဲ့တာကြောင့်ပင်

ဝမ်ချန်ဝူက play boy  ဒါ‌ပေမဲ့ ဇာတ်လိုက်မကို မြင်မြင်ချင်း စွဲလမ်းသွားတယ် ဇာတ် လိုက်မရဲ့ဖြူစင်တဲ့စိတ်ထားလေးကြောင့်ပဲ သူဖွင့်ပြောခဲ့ပေမဲ့လဲ သူအငြင်းခံလိုက်ရတယ် နောက်တော့ ဇာတ်လိုက်နဲ့ချစ်သူတွေဖြစ်သွားတယ် ဒါပေမဲ့ ဝမ်ချန်ဝူကဘယ်သူလဲ ဗီလိန်လေ
ဗီလိန်ဇာတ်ခင်းပြီး ဇာတ်လိုက်ကိုလုပ်ကြံ ဇာတ်လိုက်မကိုရောcompanyကိုပါ လုယူဖို့ကြိုးစားတယ်
ဒါပေမဲ့ ဇာတ်လိုက်ရဲ့အရှိန်အဝါကို သူဘယ်ကျော်နိုင်မလဲ နောက်ဆုံးသူဇာတ်လိုက်ကိုလုပ်ကြံမှုနဲ့ ထောင်ကျသွားခဲ့တယ် ကမ္ဘာသားတော်နဲ့သမီးတော်ကတော့ happy endingဖြစ်သွားတယ်ပေါ့

'တောက် ဝမ်ရိပေါ် မင်းကဟို မိန်းမနဲ့သာယာ‌နေမယ်ပေါ့ သူတို့ကျတော့ heတဲ့ ပေါကားဆန်လိုက်တာ'

[Hostရယ် ဒါဇာတ်လမ်းသက်သက်လေ စိတ်ကိုလျော့ပါ]

'ဒါနဲ့ ငါနဲ့တွေ့ခဲ့တဲ့သူက ဝမ်ချန်ဝူပေါ့'

[ဟုတ်ပါတယ် host]

'နေပါဦး ဖတ်လို့သာ ပြီးသွားတယ် ငါက ဘယ်သူလဲ ဇာတ်လမ်းထဲတောင်မပါဘူးနော်'

💚LOVE SYSTEM(1)❤️(Zaw+ Uni)Dove le storie prendono vita. Scoprilo ora