Unicode
"ကျွန်တော်က ယောင်းဝူလေးကိုမွေးစားဖို့ပြောထားတဲ့သူပဲ"
သူပြောလိုက်မှ ထိုအမျိုးသမီးမျက်လုံးတွေက အရောင်တောက်သွားပြီး လုပ်ပြုံးတခုကိုနှုတ်ခမ်း၌ချိတ်ဆွဲကာ
"ဪ အဲ့ဒါ ဒီကဆရာဝန်လေးလား အဟင်း ကလေးမွေးစားချင်တာက ကိစ္စမရှိပါဘူး ဒါပေမဲ့ ဒီအရွယ်အထိ ကျွန်မတို့ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့အဖိုးအခက........"
"ခင်ဗျားဘက်က လိုအပ်တဲ့စာရွက်စာတမ်း အားလုံးးစီစဉ်လိုက် ခင်ဗျားလိုချင်တာအကုန်ရစေရမယ်"
"ကောင်းပါပြီ ကောင်းပါပြီ ဒါနဲ့ ကလေးကိုဘယ်တော့လာခေါ်မှာလဲ အခုတခါတည်းခေါ်သွားလဲရတယ်နော်"
"ခင်ဗျားလိုလူရဲ့လက်ထဲမှာလဲ တစ်စက္ကန်တောင်မထားခဲ့ပါဘူး ကလေးကို ကျွန်တော်ပဲခေါ်ထားလိုက်မယ်"
"ကောင်းပါပြီ ကဲ ယောင်းဝူ မင်းလိုက်သွားတော့"
"ဟင် ဟင့်အင်း မလိုက်ဘူးနော် မလိုက်နိုင်ဘူး တီလေး သားက မိဘမဲ့မဟုတ်ဘူး သားမှာAppaရှိသေးတယ် သားကို ဘယ်သူမှမွေးစားစရာမလိုဘူး"
"နင့်အဖေဆိုတဲ့သူကရော ဘယ်ရောက်လို့ ဘယ်ပေါက်နေလဲ နင်သိလို့လား နင့်အဖေရောဂါနဲ့ဆိုသေတောင်သေနေလောက်ပြီ နင်ကိုခေါ်ထားရင် ငါဂြိုလ်ဆိုးဝင်မွှေတာထက်ပိုဆိုးမယ်ငါနင့်ကိုတင်ကျွေးမထားနိုင်တော့ဘူး"
"ဟင့်အင်း မဟုတ်ဘူး appaရှိနေတယ် သားappaဆီပဲသွားမှာ"
"ကလေး"
"Dr ကျွန်တော့်appaကိုရှာပေးပါနော် ကျွန်တော်ကို appaဂတိပေးထားတယ် appa ကျွန်တော့်ကို လာခေါ်မှာပါ"
"ကလေး appaက ကလေးကိုလာခေါ်မှာပါ ဒါပေမဲ့ အဲ့အချိန်အထိ ကလေးကို ကိုယ်စောင့်ရှောက်ထားပေးပါရစေ ကလေးကို တခြားသူတွေလက်ထဲမှာ ဘယ်လိုမှစိတ်မချရဘူး ပြီးတော့ ကလေးappaကလဲ ကလေးကောင်းကောင်းမွန်မွန်ကြီးပြင်းတာကိုပဲမြင်ချင်မှာပါ"
ESTÁS LEYENDO
💚LOVE SYSTEM(1)❤️(Zaw+ Uni)