Unicode
"ကျွန်တော်က ဒီအိမ်ရဲ့ အိမ်တော်ထိန်း Mickပါ"
Mickက Deanဆီလျှောက်လာကာ
"William ဒီကဧည့်သည်တွေက ဘယ်သူ တွေများလဲ"
"ဟိုလေ အဲ့ဒါက......"
Dam ကြောင်တောင်တောင်နဲ့ ဟိုဟိုဒီဒီဖြစ်နေတဲ့Williamကိုတွန်းဖယ်ကာ
"ကျွန်တော်တို့က ###ကိုသွားမလို့ပါ ဒါပေပမဲ့ လမ်းမှာ ရုတ်တရတ် လေပြင်းတွေတိုက်လာလို့ ကျွန်တော်တို့ကားရော လမ်းညွှန်စက်ပါ ပျက်စီးသွားရတယ် ကျွန်တော်တို့ရှေ့ဆက်သွားလို့ မဖြစ်နိုင်တော့လို့ ဒီမှာ ကျွန်တော်တို့ ပြင်ဆင်ပြီးတဲ့အထိ ခဏလောက််တည်းခိုလို့ရနိုင်မလား"
"ဟုတ်တယ် Damလေးပြောတဲ့အတိုင်းပဲ"
"အင်း.....ဒါပေမဲ့ မင်းတို့သခင်က သဘောတူပါ့မလား"
"သခင် သခင်က........ တူတယ်မဟုတ်ဘူးလား"
"တူတယ်တဲ့လား William"
"တူ တူမှာပါ"
"မင်း နေကောင်းရဲ့လား William ခဏခဏ ကြောင်တောင်တောင်ဖြစ်နေသလိုပဲနော် ကိုယ့်ကိုကိုယ် ဂရုစိုက်ပါဦး"
"ဟုတ်ကဲ့"
"ကျွန်တော်တို့က ဘာလို့နေလို့မရတာလဲ"
Mickက ဘာမှပြန်မပြောဘဲ Terryကိုသာ စိုက်ကြည့်နေသည်
"ဘာကြောင့်လဲ အိမ်တော်ထိန်းကြီး ဒီအိမ်ကြီးထဲမှာ ကျွန်တော်တို့နေလို့မရတဲ့အကြောင်းအရင်းများရှိနေလို့လား"
"Dean!"
"ကိုယ်ဘာမှားလို့လဲTerry ခဏလောက်တည်းခိုမှာကို မရနိုင်ဘူးဆိုတော့ ဒီလိုပဲတွေးမိတာပြောပြတာပါ"
Terryက မျက်နှာငယ်လေးလုပ်ကာ
"အစ်ကို Mick ကျွန်တော်တို့ နေလို့မရဘူးလားဟင်"
"ကလေးနေချင်ရဲ့လား"
"ဗျာ"
![](https://img.wattpad.com/cover/256862918-288-k759614.jpg)
VOUS LISEZ
💚LOVE SYSTEM(1)❤️(Zaw+ Uni)