Arc (5.3)ရှန်ဝူကျွင့်

1K 93 9
                                        

Unicode

"ဝူကျွင့် ဝူကျွင့် မင်းအဆင်ပြေရဲ့လား"

အခန်းထဲကို အသည်းအသန်ပြေးဝင်လာတဲ့ စစ်ယမ်က ကုတင်ပေါ်တက်လာကာ သူ့ကို ကလေးတယောက်လိုထွေးပွေ့လာသည်

Air-con အခန်းထဲ ဝူကျွင့်ချွေးစို့လာသည်
ဘာလို့ဆို ကုတင်ဘေးက လူကြီးက သူတို့ကိုမျက်ထောင့်နီကြီးနဲ့စိုက်ကြည့်နေသည်လေ

"ဝူကျွင့် မင်းကြောက်နေသေးလား ကိုယ်တောင်းပန်ပါတယ် ကိုယ်မင်းကိုတယောက်တည်းမထားခဲ့သင့်ဘူး"

သူ့ကိုရင်ခွင်ထဲတင်းကြပ်နေအောင် ပွေ့ဖက်ထားပြီး ပြောချင်ရာသာအဆက်မပြတ်ပြောနေတဲ့ စစ်ယမ်က သူသာ အဆင်မပြေဘူးပြောလိုက်ရင်ငိုချတော့မလိုပင်

"ငါ ငါ ဘာမှမဖြစ်တော့ပါဘူး စစ်ယမ်"

"သေချာလား ဝူကျွင့် မင်း ဘယ်သူ့ကိုမှကြောက်စရာမလိုဘူး
ချန်းကျီမု အဲ့ကောင်ကို မင်းမကျေနပ်ဘူးလား
မင်းဘာလုပ်ချင်လဲ ကိုယ်အကုန်လုပ်ပေးမယ်"

"စစ်ယမ်!"

သူ့ဘေးနားက လူကြီးရဲ့ ဒေါသတကြီး အော်သံကြောင့် စစ်ယမ် သာမက ဝူကျွင့် လန့်သွားရသည်

"ကျွန်တော့်ကိုမတားနဲ့ ဦးလေး ကျွန်တော် အဲ့ကောင်ကို အသေသတ်ပစ်ချင်နေတာ"

"နေ နေပါဦး ငါ ဘာမှမဖြစ်ဘူးလေ အဲ့လောက်ထိမလိုပါဘူး"

"ကျန်းစစ်ယမ်!"

"ဦးလေး ချန်းကျီမုကို ကျွန်တော်သည်းခံခဲ့ပေါင်းများပြီ အခုတော့ ကျွန်တော်..."

"မင်းဘာသာသည်းမခံနိုင်လို့ သတ်ပစ်ချင်လဲ ငါ$ဂရုစိုက်မနေဘူး
အခုချက်ချင်း မင်းအခန်းထဲကထွက်သွား
ရှန်လေးက အခုမှ သတိရလာတာ မင်းဒီလို သူအနားယူရမဲ့အချိန်လေ မင်း သူ့ကိုမနှောက်ယှက်သင့်ဘူး"

ထိုလူကြီး‌အပြောကြောင့် ဝူကျွင့်ခေါင်းပေါ် Question Markလေးတွေတန်းစီသွားသည်
ဒီလူကြီးက သူ့ကိုစိတ်ပူနေတာလား
သူနဲ့ တခါမှလဲမတွေ့ဖူးတာကိုလေ
ဝူကျွင့် ရင်တွေတဒိုင်းဒိုင်းခုန်လာ‌တော့သည်

💚LOVE SYSTEM(1)❤️(Zaw+ Uni)Место, где живут истории. Откройте их для себя