Arc(3.13)Terry

2.3K 285 51
                                        

Unicode

Vannaကို အခန်းရှေ့ပို့ပေးခဲ့ပြီး
ညီရှိရာ အခန်းထဲသို့Mickဝင်လာခဲ့သည်

"ညီ"

"Baby ဘာပြောသေးလဲ အစ်ကို"

"ကိုယ် သူနဲ့မတွေ့ရသေးဘူး"

"Baby စိတ်ဆိုးသွားလောက်တယ် အဲ့မိန်းမက ဘာလို့ရောက်လာမှန်းမသိဘူး"

ညီ တကယ် ထူးဆန်းနေတယ်
Terryဆိုတဲ့ကလေး ရောက်လာတည်းက ပုံမှန်မဟုတ်တော့တာ

ဒီကိစ္စကို အရေးမပါသလို ပြီးပြီးရော ပစ်ထားခဲ့တဲ့ ညီက သူတို့ရဲ့အစီအစဉ်ကိုရုတ်တရတ် စိတ်ဝင်စားလာတယ်
သူတို့စကားနားမထောင်ပဲ Terryရဲ့ရှေ့ကို ထွက်လာခဲ့တယ်
ဘယ်သူနဲ့မှ မပတ်သတ်ချင်တဲ့ ညီက Terryနဲ့လွန်လွန်ကြူးကြူးကို ပတ်သတ်ခဲ့တယ်
စကားတခွန်းတောင်ကြားရဖို့ခက်တဲ့ ညီဆီက Terryဆိုတာပဲကြားနေရတယ်

သူတို့အစီအစဥ်ပျက်လို့မရဘူး
သူ ဦးအတွက် ဒီတခုတော့ လုပ်ပေးချင်မိတယ်

"ညီ တကယ်ပဲဘာတွေလုပ်နေတာလဲ"

"ကျွန်တော် ဘာလုပ်နေလို့လဲ"

"ကိုယ်တို့ စီစဉ်ထားတာ ဒီလို မဟုတ်ဘူးနော် ညီ
Terryကို ဒီရောက်အောင် ခေါ်ရတဲ့အကြောင်းက ကလေးကို ကယ်တင်ဖို့နော်"

"ကျွန်တော် မလုပ်ချင်တော့ဘူး"

"ဘယ်လို"

"ကျွန်တော်Babyကိုချစ်တယ်"

"ဘယ်လို ညီက ကလေးကိုချစ်တယ် မဖြစ်နိုင်တာ ညီက ကလေးကို မချစ်ခဲ့ပါဘူး"

"မဟုတ်ဘူး အစ်ကို ကျွန်တော်Terryကိုချစ်တာ"

ဒီစကားပြောလိုက်တဲ့အချိန်မှာ ညီဆီမှာတခါမှ မမြင်ဖူးတဲ့ ‌ပျော်ရွင်ခြင်း ကြည်နူးခြင်း မြတ်နိုးခြင်း အရိပ်အယောင်တွေက ညီ မျက်ဝန်းထဲ ဖြတ်ပြေးသွားတယ်

"သူမို့လို့ကိုချစ်တာ
ကျွန်တော် သူ့ကို သိပ်ချစ်တယ် အစ်ကို"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Tempat di mana cerita hidup. Terokai sekarang