Real Life-ep(4)

4.2K 399 10
                                    

Unicode

"Systemအကူအညီနဲ့လေ"

"ဟားဟား ဝေ့ရင်း မင်းကတော့ နောက်တော့မယ်"

ဝေ့ရင်းက ရယ်ရင်း

"အစ်ကိုရှောင်း ကျွန်တော့်ကို တခုလောက်ကူညီမလား"

"ဘာလဲ ပြောလေ ငါကူညီနိုင်ရင် ကူညီမှာပါ"

"အင်း အလကားတော့မကူညီခိုင်းပါဘူး ဒီလိုလုပ် အစ်ကိုရှောင်းကို ကျွန်တော်အကြောင်းပြောပြမယ် အစ်ကိုက ကျွန်တော့်ကိုပြန်ကူညီပေး ဘယ်လိုလဲ"

"ကောင်းပြီလေ ငါမင်းကိုစသိတည်းက မင်းအကြောင်းသိချင်နေတာ သူများကိုယ်ရေးကိုယ်တာကို စွက်ဖက်သလိုဖြစ်မှာစိုးလို့ မမေးတာ ဟီး"

"အွန်း ကျွန်တော်အကြောင်းကိုပြောရမယ်ဆိုရင်.....

လွန်ခဲ့သောနှစ်‌ထောင်ပေါင်းများစွာက

"ပါး ပါး ဒီနေ့ဘာနေ့လဲ သိလား"

"ပါး မအားဘူး သား"

သိပြီးသားပါ သိပြီသားပါ မေးမိတာမှားတယ် ဟွန့်

"အကြီးအကဲ အဆင့်သင့်ဖြစ်ပါပြီ"

"ကောင်းပြီ SYSTEM 001 ချိတ်ဆက်ဖို့ အသင့်ပြင်ပါ"

ချိတ်ဆက်မှုတွေနဲ့ အလုပ်ရှုပ်နေတဲ့ လောကအရှင်ဟာ သူ့နောက်မှာ မျက် စောင်းကြီးလှိမ့်ထိုးနေတဲ့ သူ့ရဲ့သားငယ်ကို လျစ်လျူရှုကာ အလုပ်ထဲ အာရုံစိုက်လိုက်သည်

"သခင်လေး လာပါ ကျွန်တော်နဲ့ သွားပြင်ဆင်ရအောင် ဒီနေ့က သခင်လေးမွေးနေ့လေ"

နေတိုင်း ဒီလိုပါပဲ အချိန်ရှိနေသရွေ့ ဒီလူတွေနဲ့ပဲနေရတယ် ပါးရောမားရောက သူ့ကိုအချိန်မပေးနိုင်ကြဘူး ခုမှမဟုတ်ပါဘူး သူမွေးတည်းက ကြာတော့လဲအသားကျလာပါပြီ

"မသွားဘူး ဘာပွဲမှလဲ မလုပ်ဘူး"

သူ့ကိုအရိုအ‌သေပေးနေတဲ့လူကို လျစ်လျူရှုပြီးထိုနေရာထွက်လာခဲ့သည်

💚LOVE SYSTEM(1)❤️(Zaw+ Uni)Tahanan ng mga kuwento. Tumuklas ngayon