Arc(4.7)ချင်းဝေ့ယွမ်

1.5K 213 33
                                    

Unicode

"သားတို့ ပါးရဲ့စာကြည့်ခန်းထဲ လိုက်ခဲ့ကြ ကျန်းဝေ မင်းရောပဲ"

"Wow ကျွန်တော်ဖို့ရော ပါသေးတာလား မိုက်ပြီ"

သူတို့စာကြည့်ခန်းရှေ့ရောက်တော့

"မဆိုင်တဲ့သူတွေနေခဲ့"

"အစ်ကိုကြီး ကျွန်မတို့......"

"နေခဲ့"

လျိုကျားဟန်ရဲ့ အမိန့်ကို ဟွားနဲ့rose လွန်ဆန်နိုင်ခြင်းမရှိပဲ အခန်းရှေ့မှာသာနေခဲ့သည်

"ဒါဆိုကျွန်တော်လဲ နေခဲ့ရမှာပေါ့နော် ဦးလေးလျို"

ဦးလေးလျိုစကားကြောင့် ဝေ့ယွမ် ဝင်ပြောလိုက်သည် သူလဲ ခုချိန်ထိတော့ သူစိမ်းတယောက်ပဲလေ သူနေခဲ့ရမှာပေါ့

"ဘယ်လိုပြောလိုက်တာလဲ ဝေ့ယွမ်လေး ဝေ့ယွမ်လေးက မကြာခင် ဦးလေးရဲ့သမက်လေးဖြစ်တော့မှာလေ ဝေ့ယွမ်လေးက ဦးလေးတို့ မိသားစုဝင်ပဲ ဝေ့ယွမ်လေးလဲ သိထားသင့်တယ် လာ လိုက်ခဲ့"

ခုဆို စာကြည့်ခန်းထဲမှာတော့ လျိုကျားဟန်က စားပွဲရှည်ရဲ့ထိပ်ဆုံးမှာ မတ်တပ်ရပ်နေပြီး သူ့ရဲ့ညာဘက်ဘေးမှာ ချန်လိ ရှင်းရန် မုဖင်းနဲ့ဝေ့ယွမ် ရှိနေပြီး သူ့ရဲ့ဘယ်ဘက်ဘေးမှာ လီလုဝမ် မင်ရိ ရှောင်ယွီနဲ့ ကျန်းဝေတို့ရှိနေသည်

ဝေ့ယွမ်ကတော့ အခန်းထဲရောက်တာနဲ့ မုဖင်းရင်ခွင်ထဲက ထွက်ပြီး စာကြည့်ခန်းကို လိုက်စပ်စုနေသည်

'မီးပျက်သွားတဲ့အချိန် သေဆုံးသွားတာဆိုတော့ ဒီအခန်းထဲမှာများ လက်နက်တွေဘာတွေကြိုထား ထားလားမသိဘူး'

[ဖြစ်နိုင်တယ်]

'ဒီထဲမှာလဲလက်နက်ဆိုလို့ ကောက်ပေါက်စရာစာအုပ်တွေပဲရှိတယ် မဟုတ်မှ... အဆိပ်မိတာများလား'

ဝေ့ယွမ် အခန်းထဲစူးစမ်းနေတုန်းမှာပင်လျိုကျားဟန် စားပွဲပေါ်က စာချုပ်ကိုကြည့်ပြီး

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now