Arc(3.11)Terry

2.2K 307 109
                                    

Unicode

/သွေးအိုင်ထဲနာကျင်စွာလူးလှိမ့်နေတဲ့ယုန်ဖြူလေးတကောင်
သူ့ပတ်ပတ်လည်ရှိ အနက်‌ရောင်အခိုးအငွေ့တွေက သူ့ကိုတင်းကြပ်စွာရစ်ပတ်နေကာ ဝေဒနာကို မချိမဆန့်ခံစားနေရပုံကို အနီးနားရှိလူများက မကြည့်နိုင်ပဲ မျက်လုံးလွှဲထားကြသည်

ထိုယုန်ဖြူလေးကိုသနားသောလည်း ဘယ်သူကမှ ဝင်မကူညီရဲကြ
ဘာကြောင့်ဆို ထိုယုန်ဖြူလေးရဲ့ရှေ့မှာ ယုန်ဖြူလေးကို ပြုံးပြီးစိုက်ကြည့်နေတဲ့လူသားကြောင့်

ထိုသူဟာ သူရောက်ရှိနေတဲ့အဖြူရောင်ပတ်ဝန်းကျင်နဲ့ခြားနားစွာ အနက်ရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားသည်
ထိုသူက ခံစားနေရတဲ့ယုန်ဖြူလေးကိုကြည့်ပြီး သူ့ရဲ့လက်ကိုတင်းကြပ်စွာဆုပ်လိုက်သည်
ထိုအပြုအမူကြောင့်ပင် ယုန်ဖြူ‌လေးမှာ ယခင်ထက် ပိုမိုနာကျင်လာကာ လူးလွန့်လာသည်

"ခင်ဗျား! ခင်ဗျားဘာလုပ်တာလဲ"

အဖြူရောင်ဝတ်ရုံနှင့်ကောင်လေးက အနက်ရောင်ဝတ်ရုံနှင့်ကောင်လေးနားအလောတကြီးပြေးလာကာ နာကျင်နေတဲ့ယုန်ဖြူလေးနား ဒူးထောက်ထိုင်ချလိုက်သည်

"ကလေးလေး"

အဖြူရောင်ကောင်လေးက ယုန်ဖြူလေးကိုကြည့်ပြီးခေါ်လိုက်သည်
ပုံမှန်ဆို သူ့အသံကြားတာနဲ့ခေါင်းထောင်ကြည့်တက်တဲ့ယုန်ဖြူလေးဟာ အခုတော့ သူ့ကိုဘာမှမတုန့်ပြန်တော့

အဖြူရောင်ကောင်လေးနောက်ကျသွားပြီ
တကယ်တော့
အဖြူရောင်ကောင်လေးကိုတွေ့လိုက်တည်းက အနက်ရောင်ကောင်လေးဟာ ယုန်ဖြူလေးရဲ့အသက်ကိုခြွေယူလိုက်ခြင်းဖြစ်သည်

လူယုတ်မာ!"

"ဘယ်မိစ္ဆာက ကောင်းမွန်လို့လဲ babyရယ်
မရယ်ရတဲ့ဟာသတွေမပြောပါနဲ့"

ကောင်လေးက သွေးအိုင်ထဲအသက်မဲ့နေတဲ့ယုန်ဖြူလေးကို ရင်ခွင်ထဲပိုက်ကာ

"ကျွန်တော်ကလေး‌လေးမှာ ဘာအပြစ်ရှိလို့ ခင်ဗျားဒီလိုလုပ်ရတာလဲ"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now