Unicode
"မောင်က သိပ်စိတ်လိုက်မာန်ပါလုပ်တာပဲ သူ့အပြစ်တွေအတွက် တရားဥပဒေက အပြစ်ပေးမှာပေါ့လို့"
ဝေ့ယွမ် မုဖင်းရင်ခွင်ထဲကနေ မုဖင်းကိုနှုတ်ခမ်းနဲ့ လှမ်းထိုးလိုက်သည်
"မောင်သိတယ် မောင်လဲ သူကို အမှုစစ်လက်ထဲအပ်မလို့ပါပဲ ဒါပေမဲ့..."
"ဒါပေမဲ့သူက ငါ့ကို တွန်းလိုက်လို့ပေါ့လေ ဟုတ်လား"
"ပါးစပ်ပိတ်ထားလို့လဲ ပြောသေးတယ် အဲ့ကောင်ကို သုံးချက်ပဲပစ်လိုက်မိတာ နောင်တရတယ်"
"အိုက်ရိုး စိတ်လျော့ပါ အစ်ကိုကြီးရယ်"
ဝေ့ယွမ်က ရယ်ကျဲကျဲနှင့် မုဖင်း ရင်ဘတ်ကို လက်နဲ့သပ်ချပေးနေသည်
"ကလေးကိုထိတဲ့ကောင်တွေအကုန်လုံးကို မောင် သတ်ပစ်မှာ"
"ဟွန့်"
"ဘာလို့လဲ ကလေး"
"မင်းroတဲ့ပုံစံကြီးက ကြောက်စရာကောင်းလို့"
"ဟူး မောင်ကသိပ်မပြောတက်ဘူး ကလေး ဒါပေမဲ့ မောင့်ရဲ့ဖြစ်တည်မှု အရာအားလုံးက ကလေးအတွက်ပဲ
ကလေး မောင့်မျက်လုံးထဲကိုကြည့်လိုက် ကလေးအပေါ်ထားတဲ့ မောင့်မြတ်နိုးမှုတွေကိုမြင်ရလိမ့်မယ်
ကလေး မောင့်ရင်ဘတ်ထဲကိုနားထောင်ကြည့်လိုက် ကလေးအတွက် စည်းချက်ညီညီ ခုန်နေတဲ့ မောင့်နှလုံးသားအသံကိုကြားရလိမ့်မယ်
ကလေး မောင့်နှုတ်ခမ်းကိုနမ်းကြည့်လိုက်သည် ကလေးအပေါ်ပျော်ဝင်နေတဲ့ချစ်ခြင်းတရားတွေကို အတိုင်းအဆမရှိခံစားမိလိမ့်မယ်
ကလေး...."
ဝေ့ယွမ် မုဖင်းကို အံ့ဩတကြီးကြည့်နေရင်းမှ အော်လိုက်သည်
"အားးးး တော်တော့ တော်တော့ လျိုမုဖင်း မင်းရဲ့ကြောက်စရာကောင်းတဲ့ပုံစံအတိုင်းပဲနေပါတော့"
YOU ARE READING
💚LOVE SYSTEM(1)❤️(Zaw+ Uni)