Arc(5.2)ရှန်ဝူကျွင့်

821 92 15
                                    

Unicode

ဒီကမ္ဘာရဲ့ဇာတ်လိုက်(Gong)က ကျန်းစစ်ယမ်
ကျန်းစစ်ယမ်က အသက်(10)နှစ်အရွယ်မှာ မိဘနှစ်ပါးဆုံးရှုံးသွားရပြီး
ချန်းအိမ်တော်ကမွေးစားခြင်းခံခဲ့ရတယ်

ဒီကမ္ဘာရဲ့‌ဇာတ်လိုက်(Shou)က ရှန်ဝူကျွင့်
ရှန်ဝူကျွင့်ကတော့ မွေးလာကတည်းက မိဘမဲ့တယောက်
သူ့မှာ အဖိုးဖြစ်သူတဦးသာရှိပြီး အဖိုးကလဲ သူလူမှန်းမသိတက်ခင်အချိန်မှာပဲ သေဆုံးသွားခဲ့တယ်
ထိုအချိန်တည်းက အိမ်တော်ရဲ့အားကိုးယုံကြည်ရတဲ့အိမ်တော်ထိန်းလက်ထဲမှာကြီးပြင်းလာခဲ့ရတယ်

ကျန်းစစ်ယမ်နဲ့ရှန်ဝူကျွင့်က သင်တန်းတခုမှာတွေ့ခဲ့ကြတယ်
ဇာတ်လိုက်နှစ်ယောက်ဆိုတော့ World Logicအရ
ကျန်းစစ်ယမ်က ရှန်ဝူကျွင့်ကို ချစ်မိသွားခဲ့တယ်
ပြဿာက‌တော့ အခုမှစတာပါပဲ

ကျန်းစစ်ယမ်ကို မွေးစားခဲ့တဲ့အိမ်မှာ ကျန်းစစ်ယမ်နဲ့ရွယ်တူကလေးတယောက်ရှိနေတယ်
သူ့နာမည်က ချန်းကျီမု
ချန်းကျီမုက အိမ်တော်ရဲ့ဂုဏ်အရှိန်အဝါနဲ့ မာနသိပ်ကြီးတယ်
သူ့နားမှာ သက်တော်စောင့်သုံးယောက်လောက်က အမြဲရှိတယ်
သူက အမြဲတမ်း သူ့လောက်ပြည့်စုံတဲ့သူမရှိနိုင်ဘူးလို့ထင်နေတဲ့သူ
ချန်းကျီမုက ဘယ်သူ့ကိုမှအထင်မကြီးတက်ဘူး
ဒါပေမဲ့ အဲ့ထဲမှာ ကျန်းစစ်ယမ်တော့မပါဘူး
ကျန်းစစ်ယမ်ရဲ့အရည်အချင်းတွေကိုသိထားတဲ့ ချန်းကျီမုက
ဒီကမ္ဘာမှာ သူ့နဲ့တန်းတူရည်တူရှိတဲ့ ပြိုင်ဘက်ကောင်းက ကျန်းစစ်ယမ်တယောက်ပဲရှိတယ်လိုယုံကြည်ထားတယ်

သွေးသားမတော်စပ်တဲ့ညီအစ်ကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးက ရန်သူတွေလဲမဟုတ်သလို
မိတ်ဆွေတွေလဲမဟုတ်ကြဘူး

အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့နှစ်ယောက်က အိမ်တော်ရဲ့လုပ်ငန်းတွေကို အတူဦးဆောင်ကြရတယ်
သူတို့နှစ်ယောက်လုံးက အကျင့်စရိုက်တွေကမတူသလိုနဲ့သိပ်တူကြတယ်
ချန်းCompanyကို ဦးဆောင်ရတာထက် ချန်းCompanyနောက်ကွယ်က အမှောင်လုပ်ငန်းတွေကိုပိုအားသာကြတယ်

အတူဦး‌ဆောင်ရတဲ့လုပ်ငန်းတွေဆိုပေမဲ့ ချန်းကျီမုက ကျန်းစစ်ယမ်ကိုအမြဲ ကွက်ကျော်ရိုက်တက်တယ်
သူကသူများထက်အမြဲတမ်းသာနေမှကြိုက်တဲ့သူဖြစ်နေလို့လေ
ကျန်းစစ်ယမ်ကလဲ သူ့ကိုမွေးစားထားတဲ့ဦးလေးရဲ့မျက်နှာကြောင့် သူ့ကိုမထိခိုက်သရွေ့ ဘာမှပြန်မလုပ်ပေမဲ့ လွန်ကဲလာရင်တော့ ပြန်တုံ့ပြန်လေ့ရှိတယ်

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now