Systemနှင့်‌တွေ့ဆုံခြင်း

3.9K 397 46
                                    

Unicode

ရှောင်းကျန့် မျက်လုံးဖွင့်ဖွင့်ချင်းတွေ့လိုက်ရတာက စိမ်းစိုနေတဲ့သစ်ပင်ကြီးတွေ ဘယ်ပဲကြည့်ကြည့် ညာပဲကြည့်ကြည့် မြင်နေရတာက သစ်ပင်တွေချည်းပဲ

ဘာလား ငါကအခုတောထဲရောက်နေတာလား ငါက အာကသဟင်းလင်းပြင်လို‌spaceမျိုးမှာ နိုးလာရမှာလေ ဝေ့ရင်းက ငါ့ကိုဂျင်းထည့်သွားတာလား မဟုတ်မှလွဲရော ငါကိုပြန်ပေးဆွဲပြီး ငါမိဘတွေဆီကငွေညစ်...........

"ကဲ အစ်ကိုရှောင်း နိုးရင်လဲထတော့ မဟုတ်တာတွေ လျှောက်တွေးမနေနဲ့"

ရှောင်းကျန့်လှဲနေရာမှထကြည့်လိုက်တော့ သူ့ကိုကြည့်နေတဲ့ ဝေ့ရင်းနဲ့လူတယောက် အင်း ဝေ့ရင်းဘေးက သူ့ချစ်သူ လန်ကျန့်ဖြစ်ရမယ်

"အစ်ကိုရှောင်းကို ပြန်ပေးဆွဲလာတာ မဟုတ်ပါဘူးနော် ဒါက ကျွန်တော်တို့ရဲ့spaceပါပဲ"

"မင်းက ငါ့အတွေးတွေကို ကြားရတယ်လား"

"ကျွန်တော်တို့ကsystemရဲ့အကြီးအကဲ(တီထွင်သူ)တွေပဲလေ ကြားရတာပေါ့ ပြီးတော့ ဘယ်systemမှာမှ အကြီးအကဲတွေက အရေးပေးစကားပြောတဲ့hostမရှိသေးဘူးနော် အစ်ကိုရှောင်းက ကျွန်‌တော့်အစ်ကိုမို့လို့ ဒီလိုကံကောင်းတာ"

"ငါမေ့နေတာ ဘယ်လောက်ကြာပြီလဲ"

"နှစ်ရက်"

"နှစ်ရက်တောင်"

"ကျွန်တော် အိပ်ငွေ့ချတာ နဲနဲပြင်းသွားတယ်ထင်တယ် ဟီး"

ထိုစဉ် လန်ကျန့်က သူ့ရဲ့ ဝတ်ရုံစဖြင့် ဝေ့ရင်းမျက်နှာကို ကွယ်လိုက်သည်

"အာ လန်ကျန့် ဘာလုပ်တာလဲ"

"မရီနဲ့"

"ဟင်"

"တခြားသူရှေ့မှာ ဒီလိုမရီနဲ့"

ရှောင်းကျန့် လန်ကျန့်ကိုကြည့်ပြီး ပြောလိုက်သည်

"ပိုလိုက်တာ"

"အဟဲ လန်ကျန့်က ဒီလိုပဲ အစ်ကိုရှောင်းရဲ့ လန်ကိုကိုလေး အစ်ကိုရှောင်းကို စိတ်ပူစရာမလိုပါဘူးနော် အစ်ကိုကလဲ ကျွန်တော်လိုပဲ ချစ်သူမျက်နှာတကမ္ဘာပဲထင်တာပါ"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now