Arc(4.9)ချင်းဝေ့ယွမ်

1.6K 213 71
                                        

Unicode

အဲ့နေ့က မင်ရိရဲ့အသက်(29)နှစ်ပြည့် မွေးနေ့
အဲ့နေ့က မွေးနေ့ပွဲမှာ ပါး ဦးနဲ့ မင်ရိသူငယ်ချင်းအနည်းငယ်သာရှိခဲ့တယ် ယောကျားလေးတွေပဲရှိတာမို့ အသောက်အစားလေးကလဲပါတာပေါ့ မွေးနေ့ပွဲပြီးလို့ သူငယ်ချင်းတွေပြန်သွားတာတောင် ပါးနဲ့ဦးက သောက်လို့ကောင်းဆဲ မင်ရိလဲ ပါးနဲ့ဦး နားသွားထိုင်ရင် နဲနဲဝင်သောက်ဖြစ်တယ်

ပါးနဲ့ဦးကသောက်နေရင်း သူတို့ရဲ့ရှေးဟောင်းနှောင်းဖြစ်တွေကို မင်ရိကိုပြောပြနေတယ်

"ဒီလိုဆို ပါးနဲ့ဦးက အရမ်းခင်ကြတာပဲနော် တယောက်နဲ့တယောက် မိသားစုတွေလိုပဲ ကျွန်တော်လဲ ပါးနဲ့ဦးလို သံယောဇဉ်စစ်မှန်တဲ့ သူငယ်ချင်းတွေလိုချင်လိုက်တာ"

"ဒါပေါ့ သားရဲ့ မင်း ဦးက ပါးအတွက်သူငယ်ချင်းလဲဟုတ် ညီအစ်ကိုဆိုလဲဟုတ် တကယ်ကို လူကောင်းကြီးကွ ဟားဟား"

"ဒါနဲ့လေ ဒီလောက်ခင်တဲ့သူငယ်ချင်းတွေ ရန်ဖြစ်ဖူးကြရဲ့လား"

"ရန်ဖြစ်တယ် အင်း ဖြစ်ဖူးတာပေါ့ အကြီးအကျယ်ပဲ မင်းဦးက ပါးကို ရန်သူလို့တောင်သတ်မှတ်တော့မဲ့အထိပဲ ဟားဟား"

"ဟင် ဘာကိစ္စမို့လို့လဲဟင်"

"မင်းတော်လိုက်တော့ ပြီးပြီးသားကိစ္စတွေကိုလျှောက်ပြောမနေနဲ့ မင်ရိကလေး သူပြောတာမဟုတ်နဲ့"

"မင်းကလဲကွာ သားက သိချင်နေတာကို ဒီလိုသားရေ ပါးရဲ့ချစ်ဇနီးချောလေး Roseကို သိတယ်ဟုတ် အဲ့ Roseလေးက ဘယ်သူလို့ထင်လဲ"

"ဘယ်သူလဲဟင်"

"မင်း ဦးရဲ့အိမ်သူသက်ထားဇနီးအချောအလှလေးလေ"

"ဟင်"

"မင်းမူးနေပြီ ကျားဟန် တော်တော့"

"မတော်ဘူးကွာ သားသိလား Roseက ခုမှအရွယ်ရောက်ခါစ အပျိုစင်လေးမို့အရမ်းချစ်စရာကောင်းတာ အဲ့လိုကောင်မလေးကို မင်း ဦးက ဘယ်ကတွေ့လဲမသိပါဘူးကွာ ချစ်တယ် ကြိုက်တယ်ဆိုပြီး ချက်ချင်း လက်ထပ်လိုက်ပါရော သူတို့လက်ထပ်ပြီးသိပ်မကြာပါဘူး Roseနဲ့ပါးကို သူကမိတ်ဆတ်ပေးတယ် ပါးက ဘယ်သူလဲ ဥစ္စာပေါ ရုပ်ချော လျိုကျားဟန်လေ ဒီကောင်ကြီးက ပါးကို ဘယ်မှီမလဲ ဟားဟား အဲ့တော့Roseလေးက အစ်ကိုကြီးကို ချစ်လှပါချည်ရဲ့ဆိုပြီး ပါးနောက်ကိုလိုက်ခဲ့တာပဲ"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Donde viven las historias. Descúbrelo ahora