Unicode
"ဒီနေ့တော့ ငါစိတ်ကြည်နေလို့ မင်းကိုခွင့်လွှတ်လိုက်မယ်"
"ဗျာ တ တကယ်လား"
တကယ်အံ့ဩစရာပါ သခင်က သူမကြိုက်တာလုပ်တဲ့သူ သူ့ကို နှောက်ယှက်တဲ့သူဆို ချက်ချင်းအပြစ်ပေးတက်တဲ့သူမျိုး
သူလိုအရင်းနှီးဆုံးသူကိုတောင် သူငယ်ချင်းဆိုတဲ့မျက်နှာလေးမှမထောက်မညှာမတာ အပြစ်ပေးတက်တဲ့သူ
အဲ့လိုလူမျိုးက ဒီလိုပြောလိုက်တော့
"သခင် selfieလေးတပုံလောက်"
"ဘာလုပ်ဖို့လဲ"
"နောင်လာနောင်သားတွေအတွက်လေ သခင်အပြစ်ပေးတာမခံရတဲ့ပထမဆုံးမိစ္ဆာဆိုပြီးတော့ စံအိမ်အလယ်မှာချိတ်ထားချင်လို့ပါ"
"မင်းသေချင်နေပြီလား"
"ဟဲဟဲ စတာပါ ကျွန်တော်သွားပြီ"
Williamက သခင့်ရှေ့ဒူးတဖက်ထောက်ကာ အရိုအသေပေးလိုက်သည်
ထို့နောက် သူဟာ ခိုဖြူအသွင်ပြောင်းလဲကာ လသာဆောင်မှပျံထွက်သွားသည်
"ဒီလိုပြောင်ချော်ချော်ကောင်က ခိုဖြူအသွင်နဲ့မလိုက်ဖက်လိုက်တာ"
မကြာခင် ညဉ့်နက်လို့ လရောင်ထွက် ပေါ်လာတော့မယ်
သူပုံမှန်ဆို လရောင်ကိုမခံစားတက်ပေမဲ့ ဒီနေ့တော့ လရောင်ရဲ့အေးချမ်းမှုနဲ့အလှအပကို ခံစားကြည့်ချင်လာသည်
"တယောက်သောသူသာရှိနေရင် မင်းက ပိုပြီးလှပနေမှာ"
💚 LOVE SYSTEM ❤️
"အား......"
'ငါရှက်လို့သေမှာပဲ'
[အခုမှလာလုပ်နေတယ် ဝမ်ရှန့်ကြည့်နေတုန်းက မရှက်ဘူးလား]
'မင်းကိုကမမြင်ရဘူးလေ ပြီးတော့ မင်းကမင်းလေ Williamဆိုတဲ့ကောင်က ကြောင်တောင်တောင်နဲ့ သူလိုက်ပြောရင်ဘယ်လိုလုပ်မလဲ'
KAMU SEDANG MEMBACA
💚LOVE SYSTEM(1)❤️(Zaw+ Uni)