Arc(3.2)Terry

3K 347 185
                                        

Unicode

Terryရေမြန်မြန်ချိုးကာ bathrobeဝတ်ပြီးထွက်လာခဲ့လိုက်သည်
သူထွက်လာတော့ ရေချိုးခန်းရှေ့မှာ သူ့ကိုရပ်ကြည့်နေတဲ့Dean

"Deanဘာလုပ်နေတာလဲ"

"Terry ဘာလို့အဲ့လောက်ကြာနေရတာလဲ ကိုယ်သေချာမှာလိုက်ရဲ့သားနဲ့ကွာ"

Deanက သူ့လက်ကိုဆွဲခေါ်ကာ ကုတင်ပေါ်မှာ ထိုင်စေပြီး

"ကိုယ်က နေမကောင်းဖြစ်လွယ်တာသိရဲ့သားနဲ့ Terryက တခါတလေ သိပ်ဆိုးတာပဲ လုပ်ချင်ရာ လုပ်တယ်"

Terryခေါင်းကိုခပ်ဖွဖွသုတ်ရင်း ထိုင်နားထောင်နေလိုက်တယ်

'ငါ့အဖေတောင် ငါ့ကို အဲ့လောက်မဆူဖူးဘူး သိလား'

[.....]

'ဝမ်ရှန့် သိလားလို့'

[ကျွန်တော့်ကိုပြောနေတာလား]

'မဟုတ်ဘူး ငါက တယောက်တည်းစကားပြောနေတာ'

[???]

"ခေါင်းလျှော်လာတာလား ပေး ကိုယ်သုတ်ပေး‌မယ်"

Terry ဝမ်ရှန့်နဲ့စကားများနေတုန်း သူ့လက်ထဲက သဘတ်ကိုဆွဲနေတဲ့Deanကိုကြည့်ကာ

"ဘာလုပ်တာလဲ"

"ခေါင်းသုတ်ပေးမယ်လို့"

"အာ ရပါတယ် ကျွန်တော့် ဘာသာ သုတ်မယ်"

Terryသဘတ်ကို ပြန်ဆွဲယူရင်း ပြောလိုက်သည်

"Terry မဆိုးနဲ့ ကိုယ့်စကားနားထောင်"

"ကျွန်တော့်ဘာသာကျွန်တော် သုတ်တက်တယ်လို့"

"Terry"

Deanသဘတ်ကို ဆွဲယူကာ လွှတ်ပစ်လိုက်သည်
ထို့နောက် Terryကို ကုတင်ပေါ် လှဲချကာ အပေါ်မှအုပ်မိုးထားရင်း

"Dean"

"ဘာလို့ ကိုယ့်အပေါ် ဒီလိုလုပ်နေရတာလဲ Terry"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now