Arc(3.16)Terry

1.9K 262 30
                                    

Unicode

သူမထင်မှတ်ထားခဲ့ဘူး
ဦးခံစားချက်နဲ့ သူရဲ့ခံ့စားချက်တွေ ထပ်တူညီနေခဲ့မယ်လို့

ဦးနဲ့သူရဲ့လက်ဆက်ပွဲမှာ သူတောင်းဆုတခုသာပြုခဲ့တယ်

ဒီကောင်လေးဘဝက ဦးရှိမှဖြစ်မှာမို့ ဦးနဲ့ဘယ်‌တော့မှမဝေးကွာပါရစေနဲ့

ကံကြမ္မာကို  ဘယ်သူမှမလွန်ဆန်နိုင်ခဲ့ဘူးဆုတောင်းတိုင်းသာ ပြည့်ခဲ့မယ်ဆိုပါလျှင် လောကကြီးမှာ ဒုက္ခဆိုတာရှိလာမှာ‌တောင်မဟုတ်ဘူးပေါ့

"အပြစ်သားMickကို ခေါ်ဆောင်လာခဲ့ပါ"

နတ်စစ်သည်နှစ်ပါးက သူကိုဖမ်းချုပ်ကာ ခေါ်ဆောင်လာသည့်‌နေရာက
ဦးရဲ့ညီလာခံကျင်းပရာနေရာ
ဒါပေမဲ့ ဦးကတော့ ရှိမနေခဲ့ဘူး

စစ်သည်နှစ်ပါးကသူကိုခန်းမထဲခေါ်ဆောင်လာပြီး ခန်းမအလယ်သို့တွန်းပို့လိုက်သည်

"မင်းရဲ့ညီ ဘယ်မှာလဲ Mick"

အကြီးအကဲတဦးကမေးလာတဲ့စကား
အားလုံးက ဘာလို့ထပ်ထပ်ခါခါဒီမေးခွန်းပဲမေးနေကြတာလဲ
သူလဲဒီမေးခွန်းအဖြေကို သိပ်သိချင်နေခဲ့တာပါ

"ကျွန်တော်မသိဘူး"

ကောင်းကင်ဘုံနှင့်မိစ္ဆာဘုံစစ်ပွဲအပြီး
ရက်ပေါင်းများစွာအကျဉ်းချထားကာ အစာရေဆာဖြတ်တောက်ပြီးနှိပ်စက်ခံထားရတာတောင်မှကြားချင်တဲ့အဖြေထွက်မလာသေးတော့ ကောင်းကင်အကြီးအကဲတဦးက တည်ငြိမ်အေးချမ်းမှုတွေပျောက်ဆုံးကာ ဒေါသတကြီး သူ့ကိုပုတ်ခတ်ပြောဆိုလာသည်

"မင်း မင်းရဲ့ကြင်ယာတော် ကောင်းကင်နတ်ဘုရားမျက်နှာကိုမှမထောက် ဒီလုပ်ကြံမှုကြီးကိုပြုလုပ်ခဲ့တယ်
ငါထင်ထားတဲ့အတိုင်းပဲ မိစ္ဆာက မိစ္ဆာပါပဲဘယ်တော့မှကောင်းမွန်လာမှာမဟုတ်ဘူး"

Mickပြုံးလိုက်သည်ခုချိန်မှ သူဘာပြောပြော အကြီးအကဲတို့က ယုံကြည်မှာမဟုတ်တော့တာမို့ နှုတ်ဆိတ်ပြီးသာနေလိုက်သည်

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now