Arc(2.8)ရိဇန်

3.1K 339 155
                                        

Unicode

"ပါးပါး ပါးပါး ရား သားကိုစောင့်ပါဦး ပါးပါးရေ"

ရှင်းဝူ စံအိမ်ထဲကို ခြေလှမ်းကျဲကြီးနဲ့ဝင်သွားတဲ့ ပါးပါးနောက်ကို အမှီပြေးလိုက်ရင်း

"ပါးပါး ပြောစရာရှိလို့ နေပါဦးလို့"

"ဘာလဲ"

"သား ချစ်သူထားမယ်ဆို ပါးပါးစိတ်ဆိုးမှာလား"

ထားပေါ့ အရွယ်ရောက်နေပြီပဲ သူကတားလို့မရ..... နေပါဦး ဘယ်က ချစ်သူ မဟုတ်မှ......

"ဘာ ချစ်သူ ဟုတ်လား ချူရှင်းဝူ မင်းကြည့်တော့အသက်က 18နှစ်နဲ့တပိုင်းပဲရှိသေးတယ် ချစ်သူထားမယ်ဟုတ်လား မရဘူး ငါသဘောမတူဘူး"

"ပါးပါးကလဲ ပါးပါးပြောတော့ သားကြိုက်ရာလုပ်ဆို"

မင်းငါ့ဆီကဇန်ကိုဆွဲထုတ်သွားမှာမျိုးတော့ငါ လက်မခံနိုင်ဘူး

"တခြားကြိုက်တာလုပ် ဒါတော့မရဘူး"

"ပြီးရော ဒါဆို ယောကျားလိုက်တောင်းပေး ပါးပါး အာဏာနဲ့လိုက်သိမ်းပေး"

"ရှင်းဝူ မင်းပြောလေ ကဲလေပါလား သွား အခုချက်ချင်း အပေါ်တက် စာသွားလုပ် နောက်တခါ မဟုတ်တာတွေပြောရင် မင်းကိုမိန်းမပေးစားပစ်မယ်"

"ဒီမှာ ပါးပါး ရှင်းဝူက ကလေးမဟုတ်တော့ဘူး ပါးပါးစိတ်တိုင်းကျဆုံးဖြတ်လို့မရဘူး သားက အချစ်အတွက်ဆို ဓားတောင်ကို ပါးပါးလေယာဉ်ကွင်းကhelicopterနဲ့ကျော်ရကျော်ရ ပင်လယ်ပြင်ကို ပါးပါးဆိပ်ကမ်းကshipတွေနဲ့
ဖြတ်ကူးရဖြတ်ကူးရ အရိုးကျေကျေ အရည်ခမ်းခမ်း ကြိုးစားမှာ သိရဲ့လား"

လင်းဟန် ပြောပြီးပြေးတက်သွားတဲ့ရှင်းဝူကိုကြည့်ရင်း

"ရှင်းဝူရဲ့ရောဂါက ပျောက်သွားတာရော ဟုတ်ရဲ့လား ငါဇန်ကိုဖုန်းဆက်မေးကြည့်သင့်တယ်...... မဟုတ်ဘူး တကယ်လို့ ရောဂါဆက်ကုရမယ်ဆို ဇန်နဲ့ရှင်းဝူ ပိုနီးကပ်သွားမှာ မဖြစ်ဘူး မဖြစ်ဘူး ငါ ဆရာဝန်ပြောင်းပေးရမယ်"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Donde viven las historias. Descúbrelo ahora