Arc(3.12)Terry

2.2K 301 58
                                        

Unicode

အပြင်ပန်းကကြည့်လိုက်ရင်တော့
ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်နေတဲ့စံအိမ်ကြီးပေါ့
ဒါပေမဲ့ စံအိမ်ကြီးရဲ့အတွင်းဘက် အခန်းတခုထဲကို နားစိုက်ထောင်ကြည့်ရင်‌တော့ ခပ်ပြင်းပြင်း အသက်ရှုသံတွေကို မင်းကြားရလိမ့်မယ်

အကယ်၍ မင်းဟာ စံအိမ်ထဲမှာရှိနေပြီး ထိုအသံတွေကြားရာ အခန်းထဲသွားကြည့်မိမယ်ဆိုရင်တော့
အသက်လုရှုနေရတဲ့ယောကျားတယောက်နဲ့ထိုယောကျားအပေါ်မှာ အားကြိုးမာန်တက်ကြိုးစားနေတဲ့ယောကျားတယောက်ကို ရှက်ရွံ့ဖွယ်ရာ အနေအထားနဲ့‌တွေ့ရလိမ့်မယ်

တဆိတ်လောက်
ချောင်းကြည့်နေတဲ့သူတွေ မင်းတို့နှာခေါင်းက သွေးလေးတွေသုတ်လိုက်ကြပါဦး

"Baby"

"ဟင်း~~~ဟင့်အင်း တော်ပါ‌တော့ မောင်ရယ် ဖယ်တော့"

Terry ပြီးဆုံးသွားတာမကြာသေးတဲ့ သူ့ခန္ဓာကိုယ်ပေါ်မှာ ထပ်ပြီးအလုပ်ရှုပ်နေတဲ့သူကို မရှိရှိတဲ့အားလေးနဲ့တွန်းလိုက်သည်

မောင်ကလူမဟုတ်ပေမဲ့ သူက လူလေ
မောင့်ရဲ့ဘယ်နှကြိမ်မြောက်မှန်မသိတော့တဲ့ချစ်ခြင်းတွေကြောင့် လူလဲမျော့မျော့ပဲကျန်တော့တယ်
သူတကယ် လက်မခံနိုင်တော့ဘူး

သူ့စကားကြောင့် မောင်က ခေါင်းထောင်ကြည့်လာပြီး

"မောင်?
Babyထက်ကိုယ်က ငယ်မယ်ထင်လို့လား"

"ဟင်း~~~မထင်ပါဘူး ‌ခေါ်ချင်လို့ကိုခေါ်တာ"

"ဒါဆိုBaby မောင့်ကိုနောက်ထပ်တခါလောက်"

"ချီးကိုတခါ ငါတကယ်မလှုပ်ချင်တော့ဘူးမောင်ရယ်~~ ငါ့ကိုအိပ်ခွင့်ပေးပါတော့"

‌မောင်ကသူ့အပေါ်ကိုထပ်ပြီးအုပ်မိုးလာကာ နှုတ်ခမ်းကိုခပ်ဖွဖွနမ်းရင်း

"ချစ်တယ်"

"အဲ့ ချစ်တယ်နဲ့ပဲ မင်းငါ့ကိုလုပ်စားသွားတာ မောင်"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Hikayelerin yaşadığı yer. Şimdi keşfedin