Arc(3.4)Terry

2.5K 301 176
                                    

Unicode

Terryတို့ဌာနပြန်ရောက်နေတာ တပတ်လောက်ရှိပြီ  ဘယ်နေရာမှမိစ္ဆာတွေနှောက်ယှက်တာမခံရတော့ဘူး နေရာတိုင်းမှာ အရင်လို အေးအေးချမ်းချမ်းပြန်ဖြစ်နေပြီ
တကယ်ပဲပြီးဆုံးသွားတာလား မိစ္ဆာတွေသူတို့ကမ္ဘာမှာ မရှိတော့ဘူးလား

"အစ်ကိုTerry!"

"အား လန့်လိုက်တာ Damရာ"

"အစ်ကိုကဘာတွေစဉ်းစားနေလို့လဲ မဟုတ်မှလွဲရော ခေါင်းဆောင်အကြောင်းလား"

"ဟာ မဟုတ်ပါဘူး မိစ္ဆာတွေအကြောင်းပါ ခုတလော နေရာတိုင်းက ငြိမ်သက်နေတယ် ငါတို့အဖွဲ့ကို အကူညီတောင်းတဲ့နယ်မြေတွေလဲမရှိတော့ဘူး တကယ်ပဲ အားလုံးငြိမ်းချမ်းသွားပြီလား"

"အစ်ကိုTerryက မိစ္ဆာမဖမ်းရလို့ပျင်းနေတာပဲ အတော်ပဲ ကျွန်တော်ဒီမှာတခုခုတွေ့ထားတယ်"

"ဘာတခုခုလဲ"

"ဒီမှာလေ"

Damက သူ့အင်္ကျီထဲမှာဖွက်လာတဲ့စာအုပ်လေးတအုပ်ကိုထုတ်ပြသည်
စာအုပ်ကတော်တော်ဟောင်းနွမ်းနေပြီး တချို့နေရာတွေဆို ပြဲစုတ်နေ‌တာကာ စာမျက်နှာ အပြည့်တောင်မရှိတော့
ဘယ်လောက်တောင်ကြာနေပြီမို့ ဒီလောက်စုတ်ပြတ်သတ်နေလဲမသိ

"ဘာစာအုပ်လဲ မင်းဟာကဖတ်လို့ရောရရဲ့လား ကိုင်လိုက်ရင် ကြွေကျသွားတော့မလိုပဲ"

"ရပါတယ်ဗျာ ဒီမှာချပြီးဖြေးဖြေးချင်းလှန်ဖတ်လို့ရတယ်"

Damကသူ့ရှေ့ကစားပွဲပေါ် စာအုပ်ကို အသာချရင်းပြောသည်

"ဒါဘာစာအုပ်လဲလို့"

"ဒါလေ မိစ္ဆာဘုရင်အကြောင်းရေးထားတဲ့ပုံပြင်စာအုပ်"

"ခွီး မင်းဒီအရွယ်ထိပုံပြင်တွေဖတ်တုန်းလား"

"ကျွန်တော်လဲအစက ပုံပြင်ထင်နေတာ ဒါပေမဲ့ ဒီမှာကြည့်"

Damညွှန်ပြရာကိုကြည့်လိုက်တော့
စာရေးဆရာရဲ့အမှာစကားတခွန်း

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now