Arc(3.10)Terry

2.3K 305 70
                                        

Unicode

"ဒုန်း"

Damအခန်းထဲကိုအလောတကြီးဝင်ပြေးကာ တံခါးကိုဆောင့်ပိတ်လိုက်သည်

"တောက်! သောက်အဖိုးကြီး လူကို ရရင်ရသလို အသားယူနေတယ်"

Damသူ့နှုတ်ခမ်းကိုလက်နဲ့ပွတ်ဆွဲရင်း မ ‌ကျေမနပ်ဖြစ်နေသည်

"အဲ့ဒါမင်းကြောင့်ပဲ မင်းရဲ့မကောင်းတဲ့အကျင့်ကြောင့် အူးဝါး ခုတော့ ငါ့ရဲ့First kiss လေးကို ခိုစုတ်ကြီးက ယူသွားပြီ
ဟင့် First kissလေး"

Damသူ့နှုတ်ခမ်းလေးကိုကိုင်ပြီးစဉ်းစားခန်းပြန်ဝင်နေမိသည်

ပြောမဲ့သာပြောတာ ခုနကအဖြစ်အပျက်လေးက ရင်ခုန်စရာ......

အားးးးးး
ရူးနေလား ဘာတွေတွေးနေတာလဲ
အဲ့အဖိုးကြီးနဲ့ကို ဘာရင်ခုန်စရာအခိုက်အတန့်ဖြစ်မှာလဲ

ငါ‌နေမကောင်းဘူးထင်တယ် ကယောင်ကတန်းတွေလျှောက်တွေးနေမိတယ် ‌ဆေးသောက်ဦးမှပဲ

"Dam ဘာဖြစ်လာတာလဲ မျက်နှာတခုလုံးလဲနီရဲလို့"

ရေချိုးခန်းထဲကထွက်လာတဲ့Terryက ခေါင်းကိုသုတ်နေရင်းDamကိုမေးလိုက်သည်

"ဟမ် ဘာ ဘာမှမဖြစ်ပါဘူး ပူလို့ ပူလို့ ဒီစံအိမ်ကြီးမှာ အဲယားကွန်းမရှိဘူးလားမသိဘူး ပူလိုက်တာ"

Dam သူ့လက်နဲ့ မျက်နှာကို တဖျက်ဖျက် ခတ်နေရင်းပြောသည်

"ဟင် ဟုတ်လို့လား အဲ့လောက်လဲမပူပါဘူး"

"ပူပါတယ်ဆို အစ်ကိုကလဲ"

"ဒေါက် ဒေါက်"

"ဘယ်သူလဲ"

"ကျွန်တော်Williamပါ အစ်ကို"

"Dam Williamတဲ့ တံခါးဖွင့်ပေးလိုက်ဦးလေ"

"မဖွင့်ချင်ပါဘူး အစ်ကိုလဲ မဖွင့်ပေးနဲ့"

Damကပြောပြီး ကုတင်ပေါ်တက်အိပ်‌နေသည်

💚LOVE SYSTEM(1)❤️(Zaw+ Uni)Donde viven las historias. Descúbrelo ahora