Arc(5.1)ရှန်ဝူကျွင့်

883 102 4
                                    

Unicode

"မင်းကကိုယ့်ရဲ့အခွင့်ထူးခံလူတန်းစားလေးမို့လို့လေ
ဒါပေမဲ့ ချာတိတ် မင်းလုပ်ရပ်ကိုတော့ မင်းတာဝန်ယူရမယ်
ကိုယ့်ကို ခဏစောင့်"

ထိုလူက ရှောင်းကျန့်ကိုကျော်ကာ မင်ရှန့်နားသွားပြီး

"အဲ့ကောင်တွေအကုန်ရှင်းပစ်လိုက်"

ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း

သေနတ်သံတွေကြောင့် ရှောင်းကျန့် မျက်လုံး စုံမှိတ်ရင်း နားကို လက်နဲ့အုပ်ကာ ထိုနေရာမှာတင်ထိုင်ချလိုက်မိသည်
မရဲတရဲနဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့မှ မြင်ကွင်းက ပိုလန့်စရာကောင်းနေသည်

ခုနကရှောင်းကျန့်ကို စနောက်ခဲ့တဲ့ကောင်တွေ အားလုံးကို ထိုလူက သတ်လိုက်တယ်

"ပြီးတော့..."

ရှောင်းကျန့်ကန်ချက်ကြောင့်ပြန်မထနိုင်တဲ့ကောင်ရဲ့လက်တဖက်ပေါ် ထိုလူက နင်းချလိုက်သည်

အားးးးး

"ဒီလက်လား ချာတိတ်ကိုထိတာ"

"တောင်း...တောင်းပန်..."

"အဲ့လက်ကိုဖြတ်ပစ်လိုက် ချက်ချင်းမသတ်ပစ်နဲ့ နာကျင်မှုကို ခံစားပါစေဦး"

"ဟုတ်ကဲ့ သခင်လေး"

"အရမ်းကြောက်သွားလား"

ငုတ်တုပ်ကလေးထိုင်နေတဲ့ရှောင်းကျန့်ကို ထိုလူက တွဲကူကာထစေသည်

"ဒီနေရာကိုရှင်းလိုက် မင်ရှန့်
ချာတိတ် ကိုယ်တို့သွားကြမယ်"

မင်ရှန့်ဆိုတဲ့အစ်ကိုကြီးနဲ့စကား‌ပြောပြီးထိုလူက ရှောင်းကျန့်လက်ကိုလာဆွဲခေါ်သည်
ဒါပေမဲ့ ကြောက်လန့်နေဆဲရှောင်းကျန့်ကတော့ သူ့နောက်မလိုက်နိုင်ပဲ ခြေထောက်တွေခွေကျသွားရပြန်သည်

"ဟက် ကိုယ်ချီရမှာလား"

"မဟုတ်..."

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now