Arc(2.3)ရိဇန်

3.3K 352 56
                                    

Unicode

သူတို့ခွဲစိတ်မှုအောင်မြင်ခဲ့တယ် သူခွဲစိတ်မှုပြီးပြီးချင်းပဲ လူနာရှင်တွေကိုမစိုးရိမ်ဖို့ပြောကာ reportအမြန်ရေးပြီးအိမ်ပြန်ခဲ့တယ် ဘာလို့လဲဆို အဲ့ဒီနေ့က ရီရန်ရဲ့မွေးနေ့
သူ ချစ်ရတဲ့သူရဲ့မွေးနေ့ပွဲကို သူနောက်မကျချင်ဘူးလေ

ဒါပေမဲ့ နောက်တနေ့သူဆေးရုံရောက်တော့ အဲ့လူက နှလုံးရပ်ပြီးသေဆုံးသွားခဲ့တယ် တဲ့ နောက်ဆုံးစစ်ဆေးချက်ကလဲ သူခွဲစိတ်မှုမှားယွင်းတာကြောင့် သေဆုံးခြင်းတဲ့

အားလုံးက သူလူနာကိုခွဲခန်းထဲကထွက်တဲ့အထိသေချာဂရုမစိုက်လို့ ဒီလိုဖြစ်သွားကြတာဆိုပြီးအပြစ်တင်ကြတယ် ဒီလိုကိစ္စက သူဆရာဝန်လက်မှတ်ပါအသိမ်းခံရပြီး ထောင်ကျရမယ့်အခြေအနေဆိုပေမဲ့ လင်းဟန်နဲ့ကျိုးချန်ရဲ့အာဏာစက်ကြောင့် ဒီလူနာကအစတည်းက ကယ်တင်လို့မရတဲ့အထိ ရောဂါဆိုးဝါးနေလို့ သေဆုံးသွားတဲ့အဖြစ်နဲ့အဆုံးသတ်သွားတယ် ဒါပေမဲ့လူနာရှင်တွေရဲ့မကျေနပ်မှုတွေနဲ့သူရင်ဆိုင်ရတယ် သူကိုအမျိုးမျိုးလုပ်ကြံကြတယ် ဒါပေမဲ့လဲ သူဘေးမှာ ကိုယ်ရံတော်နှစ်ပါးရှိ‌နေတာပဲ သူဘာမှကြီးကြီးမားမား မဖြစ်ခဲ့ဘူး

ရီဇန် ဝမ်ရှန့်ကို ရိပေါ်ပြုံးနေကျ လူယုတ်မာပြုံးကြီးပြုံးပြီးပြောလိုက်သည်

'ဒီလိုအရေးကြီးတဲ့မှတ်ဉာဏ်ကိုအခုမှပေးရလား system အစုတ်ပလုတ်ရဲ့'

[ဟို ဟီး ကျွန်တော်က အခုမှတာဝန်စထမ်းဆောင်တာဆိုတော့ အမှားနဲနဲတော့ရှိမှာပေါ့လို့ hostနော် သားကိုမဆူပါနဲ့]

'ဘာသားလဲ ဟင်း..... ငါနော် ဝေ့ရင်းတို့ကို ထိမှာစိုးလို့မပြောတာ ဟင်းဟင်း'

[သွေပုချိ သွေပုချိ နောက်တခါမဖြစ်စေရဘူးလေ နော်နော်]

'‌တော်စမ်းပါ ဒါနဲ့ ခွဲစိတ်မှုအစအဆုံး ဘာပြသာနာမှမရှိခဲ့ဘူးမဟုတ်လား လူနာက ဘာလို့သေသွားရတာလဲ'

[ကျွန်တော့်ပြောထားတယ်လေ ရိဇန်ကချောက်ချခံရတာ ရိဇန် မရှိတဲ့အချိန်တခုခုဖြစ်သွားတာပါလို့]

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now