Arc(4.13)ချင်းဝေ့ယွမ်

1.6K 223 37
                                        

Unicode

"တကယ်တော့ ဒီမှာရှိတဲ့သူတွေအားလုံးက လူကြီးလူကောင်းတွေပါပဲ ကျဲအပေါ်မကောင်းတဲ့စိတ်ရှိတဲ့သူတယောက်မှမပါဘူး အဲ့တော့ကျဲ လွတ်လွတ်လပ်လပ်နေလို့ရပါတယ်
အဲ့အင်္ကျီကိုချွတ်လိုက်ပါလား"

"မင်းဘာစကားပြောတာလဲ"

ဟွားက သူ့စကားကြောင့် ရှက်ရွံ့သွားသလို သူမ အင်္ကျီစလေးကို ပိုမို တင်းကျပ်စွာ ဆွဲကိုင်လိုက်သည်

အဟက် မာယာတွေ မာယာတွေ
‌ငါ့အပေါ်တော့ ဒါမျိုးလာလုပ်လို့မရဘူး

"ကျစ် စေတနာနဲ့ပါဆို ဘာလဲ ကျွန်တော်ကူညီပေးရမှာလား"

[ဝမ်း တူး သ...]

"ကလေး!"

[အဟဲ ထင်တယ် သူ အော်လာတော့မယ်လို့
သရီးလေးတောင် အော်ခွင့်မပေးဘူး hostလူက တကယ့်လူဆိုး]

'မဟုတ်ဘူး သူက ဖျက်စီးရေးသမား ငါလုပ်သမျှအကုန် လိုက်ဖျက်စီးနေတာ'

"ရား လျိုမုဖင်း ငါ့ကိုမအော်စမ်းနဲ့"

"ကျစ် ဒီနားကိုခုလာခဲ့"

ကြားဖူးတဲ့စကားပုံရှိပါတယ် ဘာတဲ့
အလုပ်မပြီးခင် ဗမာ မမြင်စေနဲ့တဲ့
No no ချင်းဝေ့ယွမ်အတွက်စကားပုံက သပ်သပ်ရှိတယ်
အလုပ်မပြီးခင် လျိုမုဖင်း မမြင်စေနဲ့တဲ့

"ငါ ငါကစကားအဖြစ်ပြောတာပါ ဒီလိုလုပ် အားချင့်ရှိတာပဲ
အားချင့် ကျဲကို ကူညီပေးလိုက်ပါ"

"မလိုဘူး ငါမချွတ်ဘူး"

အားချင့်က ဟွားဘက်ကိုလှည့်ကာ ဇက်တွေဘာတွေအကြောလျော့ လက်ဆစ်တွေကိုတဒေါက်ဒေါက်ချိုးရင်း

"ဟီး အားချင့်ကူညီရမယ်ဆို နဲနဲတော့ကြမ်းမယ်နော် ကျဲ"

ပြောရင်းဆိုရင်းပင် အားချင့်က ဟွားရဲ့ဘယ်ဘက်လက်မောင်းကိုဖုံးအုပ်ထားတဲ့ဆွယ်တာလက်လေးကိုဆွဲဖြဲလိုက်သည်

💚LOVE SYSTEM(1)❤️(Zaw+ Uni)Donde viven las historias. Descúbrelo ahora