Arc(3.21)Terry

1.4K 187 15
                                        

Unicode

"Alex~~~"

Alexဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့Terry ရင်ထဲတမျိုးတမည်ဖြစ်သွားရသည်
သူထင်ထားတာမမှားဘူး
သူနဲ့အခန်းထဲကကောင်လေးက တနည်းနည်းနဲ့ဆက်စပ်နေတာပဲ
ဖြစ်နိုင်တာ သူက...

"ဟုတ်တယ် ဘယ်လိုလဲ Terry ကျွန်တော့်ကိုကူညီမှာလား"

"ကောင်းပြီ ကျွန်တော်ကူညီမယ်ဒါပေမဲ့ တခုတော့ရှိတယ်"

"ပြောပါTerry"

"အစ်ကိုMickနဲ့Alexကိုပြန်ရပြီးရင်Mikeကို ဘာမှမလုပ်ပါနဲ့"

"ဟက်"

Louis ရယ်လိုက်မိသည်
အကြောင်းအားလုံးကိုသိသွားခဲ့ရင် Mikeရဲ့ရင်ကိုဓားနဲ့ခွဲမဲ့သူကTerryကိုယ်တိုင်ပဲလေ
သူ ဂတိမပေးစရာအကြောင်းမရှိဘူး

"ကောင်းပြီ ကျွန်‌တော်ဂတိပေးပါတယ်"

"ဒါဆို ကျွန်တော်ဘာလုပ်ရမလဲ"

"Terry အဲ့အခန်းထဲရအောာင်ဝင်ဖို့ပါပဲ ဒါဆို ဘာလုပ်ရမလဲသိပါလိမ့်မယ်"

"အကြီးအကဲ ကရော"

"ကျွန်တော်Deanတို့နဲ့အတူလိုက်လာခဲ့မယ်"

"ဘာလို့Deanတို့ကိုခေါ်မှာလဲ အကြီးအကဲ ဂတိပေးထားတယ်လေ"

"ကျွန်‌တော်က သတိထားရအောင်ပါ"

"အကြီးအကဲ ကိုယ်တိုင်ကလဲ နတ်ဘုရားတပါးလေ ဘာလို့ Mikeကိုကြောက်နေရတာလဲ"

"ကျွန်တော်ဂတိတခုပေးရင် တည်အောင်လုပ်တက်ပါတယ် Terry စိုးရိမ်စရာမလိုပါဘူး
သူတို့ကိုခေါ်ရတာကလဲ လိုအပ်လို့ပါ"

"ကောင်းပြီ ကောင်းကင်နတ်ဘုရားကို ကျွန်တော် ယုံကြည်လိုက်ပါမယ်"

သူ့စကားအဆုံး အကြီးအကဲက ပျောက်ကွယ်သွားသည်
သူလဲအခု မောင့်အခန်းထဲသွားရမည်

💚 LOVE SYSTEM ❤️

အရင်ကထက်ပိုပြီးတိတ်ဆိတ်နေတဲ့ စံအိမ်ကြီးထဲ သူလျှောက်လာပြီး အခန်းတခန်းရှေ့ရပ်လိုက်သည်
ထိုအခန်းက သူခဏခဏရောက်ဖူးနေတဲ့မောင့်ရဲ့အခန်း

💚LOVE SYSTEM(1)❤️(Zaw+ Uni)Место, где живут истории. Откройте их для себя