Unicode
"ကျွန်မတောင်းရင် သခင်ပေးမှာလား"
"အပိုစကားတွေနဲ့အချိန်ကြာရတာ ငါသိပ်မုန်းတယ် Vanna"
"ဟုတ်ပါပြီ ဒါဆို ကျွန်မ လိုရင်းပဲပြောပါမယ်
လွန်ခဲ့တဲ့ နှစ်နှစ်က Alex ငရဲပြည်ကိုရောက်သွားတဲ့အချိန်
Alexကိုပြန်ရဖို့ သခင် ပါးနဲ့ဂတိတခုထားခဲ့တာ မှတ်မိသေးလား သခင်"
Vannaရဲ့ဖခင်ဆီကAlexကို တောင်းယူခဲ့တုန်းက သူဂတိတခုကိုပေးခဲ့ရတယ်
အဲ့ဒါက
နောင်တချိန် သူတောင်းဆိုတဲ့အရာတခုကို လက်ခံပေးဖို့
သူအဲ့အချိန်တုန်းကAlexကို ပြန်ရချင်ဇောနဲ့ လွယ်လွယ်ပေးထားခဲ့မိတယ်(From Arc (3.18))
"မှတ်မိတယ် မင်းအဖေလိုချင်တာ ဘာလဲ Vanna"
"ပါးလိုချင်တာက နေရာတခုလေးပါ
ဟက် မိစ္ဆာနတ်ဘုရားရဲ့ယောက္ခမလောင်းနေရာလေးပေါ့"
"ဘာ!"
Vannaစကားကြောင့်Terryမျက်မှောင်ကြုံ့လိုက်သည်
သူမက ဘယ်သူ့အပိုင်ကို လာထိချင်နေတာလဲ
"အဲ့ဂတိကို အခုတည်စေချင်တယ် သခင်"
"မဖြစ်နိုင်ဘူး"
"ဟက် ဒါဆိုရင်တော့ သခင့်ကို ကျွန်မ ပုန်ကန်ရမှာပဲ"
'ဟက် ကိုယ့်သေတွင်းကိုယ်တူးတယ်ဆိုတာ ဒါမျိုး'
[ဒီလိုမဖြစ်သင့်ဘူးနော် Vannaသေရင် hostကpointအလကားရဦးမှာ
မဖြစ်ဘူး]
'ဟားဟား ငါကအေးဆေးငြိမ်နေရုံပါပဲ လာစမ်းပါ မင်းတို့missionတွေ
ငါ့မှာမောင်ရှိရင် ဘာမဆိုဖြစ်နိုင်တယ် ဟီး'
"မင်းကိုယ်မင်းသိပ်အထင်ကြီးလွန်းတယ် Vanna မင်းငါ့နဲ့ယှဉ်ပြီးတိုက်ခိုက်နိုင်မယ်ထင်လား"
"မထင်ပါဘူး သခင် သခင်က မိစ္ဆာတို့ရဲ့သခင်ပါ ကျွန်မ ဘယ်ယှဉ်နိုင်ပါမလဲ
ဟက် ဒါပေမဲ့ သခင်ပြီးရင် ဒီနေရာမှာ ကျွန်မစွမ်းအားအမြင့်ဆုံးပါ
ကျွန်မရဲ့စွမ်းအားဒဏ်ကို ဒီကလူသားတွေ စွမ်းအားမရှိတဲ့ သခင့်ရဲ့အစ်ကိုနဲ့ Alexကတော့ ခံနိုင်ရည်ရှိမယ်မထင်ဘူး
ပြောမရဘူး သေတောင်သေသွားနိုင်..."
ВЫ ЧИТАЕТЕ
💚LOVE SYSTEM(1)❤️(Zaw+ Uni)