Arc(3.7)Terry

2.5K 323 198
                                        

Unicode

"ငါတို့ဆက််သွားဖို့မဖြစ်နိုင်‌တော့ဘူး ဘယ်လိုလုပ်ကြမလဲ"

ထိုအချိန်

ဖျတ်ဖျတ်ဖျတ်

အမှောင်ထုကြားထဲရှင်းရှင်းလင်းလင်းကြားလိုက်ရတဲ့အသံတခု

"နေဦး မင်းတို့အသံတခုကြားလား တောင်ပံခတ်သံလိုလို ဘာလိုလိုနဲ့"

Terryအပြောကို Susanက

"ကြားလိုက်လို့လား ငါတော့မကြားလိုက်ဘူး"

"ဒုခေါင်းဆောင် ဟိုးရှေးက အလင်းရောင်က ဘာလဲ"

Damညွှန်ပြရာနေရာကိုကြောင့်လိုက်တော့ သူတို့ရှိရာကိုတရွေ့ရွေ့လာနေတဲ့တလက်လက်တောက်ပနေတဲ့အလင်းရောင်တခု

"အဲ့ဒါ ဘာလဲ"

တောက်ပနေတဲ့အလင်းရောင်တခုကိုမြင်လိုက်ရသည်နှင့် သူတို့ကိုလွှမ်းမိုးထားတဲ့အမှောင်ထုဟာ ပျောက်ကွယ်သွားရသည်
ထိုအခါမှ သူတို့အားလုံး ထိုအလင်းရောင်လာရာကိုကြည့်လိုက်ပြီး အံ့ဩသွားကြသည်

ထိုအလင်းရောင်က သူတို့ဆီလျှောက်လာနေတဲ့လူတဦးဆီကပင်
ထိုလူက သူတို့ကားနားမှာရပ်လိုက်ပြီး ကားမှန်တံခါးကိုခေါက်နေသည်

"ဘာကိစ္စလဲ"

သူစိမ်းနယ်မြေကိုရောက်‌နေတာဖြစ်ပြီး ထိုလူကလူကောင်းလူဆိုးမခွဲခြားနိုင်တာမို့ ကားမှန်ကိုမချပေးပဲ Deanမေးလိုက်သည်

"ခင်ဗျားတို့ကားပျက်နေတာလား ကျွန်တော်ကူညီပေးလို့ရတယ်နော်"

"သူကနယ်ခံဖြစ်နိုင်တယ် ခေါင်းဆောင်"

Johnက ကားမှန်ကိုချရင်း

"ကားပျက်နေတာတော့ မဟုတ်ဘူး ညီလေး လမ်းညွှန်စက်ပျက်သွားတာ လမ်းညွှန်စက်မရှိတော့ ကိုယ်တို့ဘယ်လိုဆက်သွားရမလဲမသိဘူးဖြစ်နေတာ"

"အစ်ကိုတို့က ဘယ်ကိုသွားမှာလဲ"

"မြို့ပြင်က စံအိမ်ဟောင်းကြီးကို"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Donde viven las historias. Descúbrelo ahora