Arc(1.4)ရှောင်းကျန့်

4.9K 434 8
                                        

Unicode

"ကိုယ်နဲ့တွဲရမယ် baby ကိုယ်နဲ့တွဲရလို့မင်းတောင်ဂုဏ်ယူရဦးမှာ"

'ဝမ်ရှန့် သူ့ confidenceကြီးကို ငွေနဲ့လဲလို့ရရင် ငါ ဘီလျံနာတောင်ဖြစ်လို့ရမယ်ထင်တယ်'

[ဒီလိုကောင်ကို ဇာတ်လိုက်မတောင် ပြန်မကြိုက်တာ မဆန်းပါဘူး]

'အယ် မင်းစိတ်ဆိုးပြေပြီလား'

[ဘယ်သူပြောလဲ မပြေပါဘူး]

"Baby"

"မင်း ငါ့လက်ကိုလွှတ်စမ်း"

"ဝမ်ချန်ဝူ!!!"

Canteenတခုလုံး တိတ်ဆိတ်သွားပြီး ရုတ်တရတ်အေးခဲသွားသလို ခံစားလိုက်ရတယ်

'ဝမ်ရှန့်'

[ဇာတ်လိုက်ကြီးလာနေပါပြီhost]

ရှောင်းကျန့် ရုပ်တရတ် လေပေါ်ပျဲဝဲသွားသလိုပဲ ငါအစွမ်းတွေများရသွားတာလား

[ဇာတ်လိုက်ကြီးက ပွေ့ချီလိုက်တာပါ]

'Shit!ငါက မိန်းကလေးလား'

"ရိပေါ် အမယ်လေး"

ရိပေါ်ကို ရန်တွေ့မယ်အလုပ် ရိပေါ်ပုံစံကြောင့် ရန်စကားကိုမျိုသိပ်ထားလိုက်ရတယ် အခု ရိပေါ်က သူ့ကိုပွေ့ချီကာ ချန်ဝူကိုသတ်မလိုဖြတ်မလိုအကြည့်တွေနဲ့ကြည့်နေတာလေ တော်ကြာ သူ့ဘက်လှည့်လာရင်ဒုက္ခ

"အိုး ငါရဲ့အစ်ကိုပါလား ဒါ ဘာလုပ်တာလဲ"

"သူ့ကိုမထိနဲ့ သူကငါ့အပိုင်"

"ဟက် အစ်ကိုအပိုင်လို့ပြောနေတဲ့သူက ကျွန်တော့်ကိုချစ်နေတဲ့သူ ပြီးတော့ ကျွန်တော့်တို့ခုပဲချစ်သူဖြစ်သွားတာ"

ဝမ်ချန်ဝူက သူ့လက်လေးကိုလှမ်းဆွဲရင်းပြောလာတော့ ရိပေါ်က သူ့ကိုကြည့်သည် ရိပေါ်အကြည့်တွေထဲမှာ သူ့ကိုဆုံးရှုံးရမှာကို ထိတ်လန့်နေသည် အရိပ်အယောင်တွေကို သူတွေ့လိုက်ရသည်

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now