Arc(2.6)ရိဇန်

2.9K 332 32
                                    

Unicode

"Dr Dr"

"ဪ sorry မုဟောင် ကကျွန်တော်နဲနဲအတွေးလွန်သွားလို့ မုဟောင်က ကျွန်တော့်လက်ထောက်ဖြစ်သွားပြီဆိုတော့ရှေ့လျှောက်ကျွန်တော့်ကိုကူညီပေးပါဦးနော်"

"ဟုတ်ကဲ့ပါ Dr တကယ်တော့ Drအဲ့လိုပြောစရာမလိုပါဘူး သူဌေးက ကျွန်တော့်ကို သေချာမှာပြီးသားပါ"

"သူဌေး"

"အာ ကျွန်တော်ကLin Groupရဲ့ scholarship ကျောင်းသားတယောက်ပါ သူဌေးချူလင်းဟန်က ကျွန်တော့်ကိုထောက်ပံ့ပေးပြီး ဒီဆေးရုံမှာ အလုပ်ပေးခဲ့တာ သူဌေးနဲ့Drကတော်တော်ရင်းနှီးတာပဲလားဟင် ကျွန်တော့်ကို သူဌေးက Drကိုစောင့်ရှောက်ဖို့ပဲ တဖွဖွပြောနေတာ"

"အာ ဟုတ် ဟုတ်တယ် လင်းဟန်နဲ့ကျွန်တော်က သူ‌ငယ်ချင်းတွေ"

"Dr နောက်5မိနစ်ဆိုDr Roundလှည့်ရမဲ့အချိန်ရောက်ပြီနော််"

"ဟုတ်သားပဲ မုဟောင်ပါအတူလိုက်ခဲ့ပါ အခုပဲသွားကြတာပေါ့"



"အဖွား Drပေးတဲ့ဆေးတွေသေချာသောက်နော် ဒါမှ အဖွားနေအမြန်ကောင်းမှာ"

ရိဇန် Roundလှည့်နေတုန်း ရင်းနှီးနေတဲ့အသံကြောင့် ထိုအခန်းထဲကိုဝင်လာခဲ့သည်

"လီရှန့်"

"ဇန် ဇန်ကော"

စကားအထစ်ထစ်အငေါ့ငေါ့နဲ့တုန်လှုပ်သွားတဲ့လီရှန့် အနားကိုသွားရင်း

"လီရှန့် ငါမင်းကို မေးစရာ......."

"ကျွန်တော် ဘာမှမသိဘူး ကျွန်တော်မသိဘူး ကျွန်တော့်နားမလာနဲ့ ကျွန်တော်တကယ်မသိဘူး"

"လီရှန့် မင်းပြောပြမှဖြစ်မယ် အဲ့နေ့တုန်းက ကောအမှားကြောင့်မဟုတ်ဘူးမဟုတ်လား မင်းသိတယ်မဟုတ်လား လီရှန့်
လီရှန့် ကောကိုပြောပြပါကွာ"

"တောင်းပန်ပါတယ် ကျွန်တော်တကယ် ဘာမှမသိဘူး ကျွန်တော့်ကို....ကျွန်တော့်ကိုသနားပါကောရယ် ကျွန်တော့်ကို ဘာမှလာမမေးပါနဲ့တော့"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now