Unicode
"အားးး"
အစ်ကိုကြီးရဲ့အော်သံအဆုံး သူမကျေနပ်စွာပြုံးလိုက်သည်
Flash back end
"ခင်ဗျား ခင်ဗျား လုပ်ရက်တယ်ဗျာကျွန်တော်တို့ လာခဲ့တာ ပါးနဲ့အတူနေချင်ရုံပါ ပါးပိုင်ဆိုင်တဲ့အရာတွေကို ကျွန်တော်တို့ မမက်မောပါဘူး"
"ဟက် မင်းတို့က ရမဲ့သူတွေလေ ဒီလိုပဲပြောကြမှာပေါ့"
"လူတိုင်းကို ခင်ဗျားစိတ်နဲ့မနှိုင်းနဲ့ဗျ"
"ရှင်းရန် စိတ်ကိုထိန်းစမ်းကွာ"
"အဲ့ညကပဲ ဦးလေးလျိုကိုသတ်မိတဲ့ ချန်ကောက အပြစ်ကိုဝင်ခံဖို့လုပ်တယ် သူ့အပြစ်တွေအပြင် ခင်ဗျားကပါ ကြံရာပါဆိုတာ ချန်ကော ပြောခဲ့မှာပဲ ဒါကြောင့် ခင်ဗျား သတ်လိုက်တာမလား"
"ဟုတ်တယ်"
"အမွေတွေကိုအပိုင်စီးချင်လို့ သားတွေအကုန်လုံးကိုရှင်းပစ်ချင်တာကတော့ ဟုတ်ပါပြီ Roseကိုရော ဘာလို့သတ်ပစ်ခဲ့တာလဲ"
"သူက အားလုံးကိုသိသွားခဲ့လို့"
Flash back
"တောက်! ဝေ့ယွမ် မင်းတို့ကွာ"(From Arc(4.9))
ကျန်းဝေ ဟွားရိုက်သွားတဲ့ပါးတဖက်ကိုကိုင်ကာ ကျန်ခဲ့ရသည်
"ကျွန်တော့်ကိုမုန်းသွားပြီလား ဟွားရယ် ကျွန်တော်ကတော့ ဟွားကို ချစ်လိုက်ရတာဗျာ ချစ်လွန်းလို့ ဒီလိုလုပ်ခဲ့မိတာပါ"
"ကျန်းဝေ"
ကျန်းဝေ ညကနေ မနက်ရောက်တဲ့ထိစိတ်ညစ်ညစ်နဲ့သောက်စားမူးရူးနေတုန်း နူးနူးညံ့ညံ့အသံလေးနှင့် သူ့နာမည်ခေါ်သံကိုကြားလိုက်ရသည်
"ဟွား ဟွား ကျွန်တော်ဆီ ပြန်လာတယ်"
ဟွားကပြုံးပြကာ ဘာမှပြန်မပြောပဲ ကျန်းဝေနားဝင်ထိုင်လိုက်သည်
ESTÁS LEYENDO
💚LOVE SYSTEM(1)❤️(Zaw+ Uni)