Unicode
"မင်းကိုပဲကြည့်ပြီး မင်းပြောတာပဲယုံပြီး မင်းကိုပဲကာကွယ်သွားမှာ"
သူ့ရင်ခွင်ထဲကဇန်ကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီဆိုပေမဲ့ သူကတော့မအိပ်ပျော်နိုင်သေးဘဲ သူကြုံခဲ့ရတဲ့ ထူးဆန်းတဲ့အဖြစ်အပျက်ကိုပြန်တွေးနေမိသည်
အဲ့ထူးဆန်းတဲ့အဖြစ်အပျက်မတိုင်ခင်က
ဇန်နဲ့သူမှာ သူငယ်ချင်းဆိုတဲ့ဖြူစင်တဲ့သံယောဇဉ်ကြိုးကလွဲရင် ဘာဆိုဘာမှမရှိခဲ့ကြဘူးဇန်နဲ့ သိလာတာအချိန်တွေကြာခဲ့ပြီနောက် သူဇန်အကြောင်းကိုပိုသိလာတယ် ဇန်က ရိုးသားဖြောင့်မတ်တဲ့သူတယောက် လူတိုင်းကိုကူညီတက်တဲ့ဖြူစင်ကောင်လေး
ဇန်ရဲ့အဲ့လိုစိတ်ဓာတ်ကိုလေးစားတဲ့ သူက တနေ့မှာ မထင်မှတ်ထားတဲ့အရာတခုကို ဇန်မှာတွေ့လိုက်ရတယ်
ဇန်က ရိရန်ကို သဘောကျနေတာတဲ့
ဒါက အချစ်တခုပဲ သဘာဝမကျပေမဲ့ နားလည်ပေးလို့ရသေးတယ်
ဒါပေမဲ့ ဇန်အချစ်တွေက အတ္တကြီးလွန်းတာပဲလား
သူသိပ်ချစ် သိပ်ယုယခဲ့တဲ့ ရိရန်ကို
အတင်းအတမ္မ သိမ်းပိုက်ခဲ့တယ်တဲ့လေသူမယုံနိုင်ဘူး သူသိတဲ့ဇန်က ဒီလိုမဟုတ်ဘူး ဒါပေမဲ့ သူလုပ်ခဲ့ပါတယ်ဆိုတဲ့ ဇန်ရဲ့အဖြေတခုအပေါ်ကြောင့် ဇန်ကိုသူရွံ့မုန်းခဲ့မိတယ်
ဇန်က ဟန်ဆောင်ကောင်းလွန်တာပဲ
သူတို့ခင်လာတဲ့သက်တမ်းတလျှောက် ဇန်က ဒီလိုယုတ်မာတက်တဲ့သူဖြစ်လိမ့်မယ်လို့ သူတခါမှတောင် မတွေးခဲ့မိဘူး/ကိုယ်ချင်းမစာ ယုတ်မာတက်တဲ့သူအတွက် လူကောင်းတွေကြားမှာ နေရာမရှိဘူး/
သူဇန်ရဲ့အရာအားလုံးကိုဖျက်စီးခဲ့တယ် သူ့ရဲ့အလုပ် သူ့ရဲ့ဂုဏ်သိက္ခာ သူရဲ့အားလုံးကိုပေါ့
ရှင်းဝူရဲ့တဇွတ်ထိုးဆန်ဆန်ဆုံးဖြန်ချက်ကိုလဲလိုက်လျောခဲ့ပြီး
ရှင်းဝူနဲ့ရိရန်ကိုလက်ထပ်ပေးခဲ့တယ်
တကယ်ဆို သူလက်မခံချင်ပေမဲ့ သားကိုယ်တိုင်က ပျော်ရွင်နေမှတော့ သူလဲ ဘာတက်နိုင်မှာလဲ
![](https://img.wattpad.com/cover/256862918-288-k759614.jpg)
KAMU SEDANG MEMBACA
💚LOVE SYSTEM(1)❤️(Zaw+ Uni)