Unicode
"မင်းလာမအော်နဲ့နော် မင်း မင်းငါ့နောက်ဆက်မလိုက်လာနဲ့ ငါ့ကိုမယုံကြည်တဲ့သူနဲ့ငါအတူရှိမနေချင်ဘူး"
ဝေ့ယွမ် အောက်ထပ်က ဧည့်ခန်းထဲကို ပြေးဆင်းလာခဲ့သည်
"ဟင့် အရူးကောင် ပြောတော့ ငါ့ကိုချစ်တယ်ဆိုပြီး ငါ့ကိုမယုံဘူး အီးဟီး"
"ဟင် ကော ဘာလို့ငိုနေတာလဲ"
ဝေ့ယွမ် မော့ကြည့်လိုက်တော့ ဟန်ယွဲ့ကောရဲ့တပည့်လေးအားချင့်
"ဟင့် ငိုတယ် ငါကလား မငိုပါဘူး ငါ့ကိုမယုံတဲ့သူကြောင့်မငိုဘူး ဟင့်"
ဝေ့ယွမ် မငိုဘူးသာပြောတာ မျက်ရည်တွေကပါးပြင်ပေါ်စီးကျလို့
[တစ်ရှူးယူမလား host Freeနော်]
'အဲ့တစ်ရှူးတွေနဲ့မင်းအပေါက်ကိုပိတ်ပြီးတိတ်တိတ်နေလိုက်'
[...]
"မငိုပါနဲ့တော့ ကောရယ် အင်း ငိုချင်သေးလဲ အခန်းထဲသွားပါလား အမှုစစ်ကြီးက အမှုကို သေချာစီစစ်နေတယ် သူကဆူညံရင်မကြိုက်ဘူး"
"ဟင် ဟန်ယွဲ့ကောလား ဘယ်မှာလဲ"
"ဟိုမှာ"
အားချင့် ပြတဲ့နေရာကိုကြည့်လိုက်တော့ဧည့်ခန်းထဲမှာcomputerတလုံးနဲ့အလုပ်ရှုပ်နေတဲ့ ဟန်ယွဲ့
"ဟန်ယွဲ့ကောကတယောက်တည်းလုပ်နေတာလား ငါသွားကူပေးရမယ်"
"အယ် ကောကော မလုပ်......"
အားချင့်စကားတောင်မဆုံးသေး ဝေ့ယွမ်က ဟန်ယွဲ့နားဝင်ထိုင်ပြီးနေပြီ
"ဟန်ယွဲ့ကော ဦးလေးလျိုနဲ့ ရိကောကို လာခေါ်သွားကြပြီလား"
"ဟုတ်တယ် ဆေးရုံမှာ စစ်ဆေးသင့်တာတွေ စစ်ဆေးဖို့လေ"
"ဟန်ယွဲ့ကော အမှုအတွက် စစ်ဆေးနေတာဆို ကျွန်တော်လဲ ဝိုင်းလုပ်ချင်တယ် ကျွန်တော်လဲ ဒါကိုနဲနဲတော့နားလည်ပါတယ်"
BẠN ĐANG ĐỌC
💚LOVE SYSTEM(1)❤️(Zaw+ Uni)