Arc(5)

1K 107 25
                                        

Unicode

ကူးပြောင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှု ဒဏ်ကြောင့် ရှောင်းကျန့် ခေါင်းကို လက်နှစ်ဖက်နဲ့ဖိကိုင်လိုက်မိတယ်

တကယ်ပဲ နောက်ဆုံးကမ္ဘာမို့လို့လားမသိအရင်ကထက် ပိုပြီးနာလာတယ်
သူ့ရဲ့ခေါင်းတခုလုံး နာကျင်နေတာပေါက်ကွဲထွက်တော့မလိုပဲ
ဒီကြားထဲ သူရောက်နေတဲ့နေရာက သီချင်းသံတွေနဲ့တအားဆူညံနေတယ်
ဒါက သူ့ကိုပိုပြီးစိတ်အနှောက်အယှက်ဖြစ်စေတာပဲ

'ဝမ်ရှန့် ငါဘယ်ရောက်...'

"ဝူကျွင့် မင်းအဆင်ပြေရဲ့လား တောင်းပန်ပါတယ် ငါမင်းကို အိမ်အရင်ပြန်ပို့ပေးသင့်တာ"

အခု ဘေးကလူ ပွစိပွစိပြောနေတာကို ရှောင်းကျန့် အာရုံမစိုက်နိုင်သေးပါ

'ဝမ်ရှန့်'

ဝမ်ရှန့်ရဲ့အလိုက်သိမှုနဲ့ ပါးစပ်ထဲရောက်လာတဲ့ဆေးပြားကြောင့် ရှောင်းကျန့် ခံစားနေရတာ သက်သာသွားသည်

"ငါတို့ပြန်ရအောင် ဝူကျွင့် မင်းအဆင်မပြေဘူးမဟုတ်လား"

အခုမှ သူ့ကိုစကားလာပြောနေတဲ့သူကို ကြည့်မိတယ်

'မဆိုးပါဘူး ချောသားပဲ ဒါပေမဲ့ ငါ့မောင်ကိုတော့မမှီဘူး'

[ဒါဆို ဒီအချောလေးကို ဝမ်ရှန့် ယူလိုက်မယ်]

'ဆုတောင်းလေ'

ဒီကောင်လေးက မောင့်လောက်မချောပေမဲ့ ဝမ်ရှန့်ကိုတော့ သူ မပေးချင်ပါ
အချောလေး ဒုက္ခရောက်မှာ ရှောင်းကျန့် မမြင်ချင်ပါဘူးလေ

"ဝူကျွင့်"

"ဟင်"

"ပြန်ရအောင်"

"အွန်း ပြန်မယ် ဒီနေရာက ဘယ်နေရာလဲ တအားဆူညံနေတာပဲ"

"ငါတောင်းပန်ပါတယ် မင်းက ဒီလိုနေရာတွေမကြိုက်မှန်းငါသိရဲ့သားနဲ့ အတင်းခေါ်ခဲ့မိတယ် ဟုတ်တယ် Clubက တအားဆူညံနေတာ ပြန်ရအောင်"

💚LOVE SYSTEM(1)❤️(Zaw+ Uni)Onde histórias criam vida. Descubra agora