Unicode
"သူ့ဝိညာဉ်အစိတ်အပိုင်းတွေနဲ့အသက်ရှင်လာတဲ့သူအားလုံးကိုသတ်ပြီး ဝိညာဉ်စွမ်းအားပြန်ယူရမယ်
အဲ့လိုမှ သူပြန်ရှင်သန်နိုင်လိမ့်မယ်""ဟင် ဒါကတော့..."
"လုပ်မယ်"
Mikeစကားကြောင့်Williamထိတ်လန့်သွားတယ်
"သခင် သခင် လူသားတွေကိုဒီလိုလုပ်လို့မဖြစ်ဘူးလေ"
"ဟက် ငါလုပ်ချင်ရင် မရဘူးဆိုတာမရှိဘူး
ပြီးတော့ ဘာအစွမ်း ဘာအင်အားမှမရှိတဲ့လူသားတွေကို ငါဂရုစိုက်မနေဘူး
ငါ သူကိုပြန်လိုချင်တယ် အဲ့အတွက် ငါဘာမဆိုလုပ်မယ်""သခင်"
Williamရဲ့ခေါ်သံကိုလျစ်လျူရှူကာAlexကိုပွေ့ချီပြီးလှို့ဝှက်ခန်းထဲသို့ခေါ်ဆောင်သွားသည်
မှန်တံခါးကိုဖြတ်သန်းဝင်ပြီးနောက် မှောင်ရိပ်သာကြီးစိုးနေသောအခန်းငယ်လေးက လင်းထိန်သွားသည်"မင်းငါဆီကထွက်သွားလို့မရဘူး"
သူ့ရှေ့က သံတိုင်များနှင့်ကာရံထားသည့်အခန်းငယ်ထဲAlexကိုချုပ်နှောင်ထားလိုက်သည်
"ဟက် မင်းထင်တာ မင်းရုပ်ခန္ဓာအခွံက ဒီမှာကျန်နေရုံနဲ့ ငါမင်းကိုမရနိုင်ဘူးထင်နေတာလား
Alex ငါတို့ကစားပွဲကအခုမှစမှာ"Mikeဟာ ဒီတာဝန်ကိုMickကို ပေးခဲ့တယ်
ကစားစရာတခုအတွက်နဲ့ သူ့အချိန်တွေကို မဖြန်းတီးနိုင်ဘူး
သူလိုချင်တာ သူ့ကစားစရာလေး သူ့လက်ထဲပြန်ရောက်လာဖို့ပဲAlexရဲ့ဝိညာဉ်အစိတ်အပိုင်နဲ့ရှင်သန်နေတဲ့သူတွေဟာ မိစ္ဆာစံအိမ်ကြီးဆီဖိတ်ခေါ်ခံရတယ်
လူမသိသူမသိ သေဆုံးခဲ့ရတယ်
အသက်ပေါင်းများစွာဆုံးရှုံးပြီးသည့်အချိန်မှာ Alexဟာ ပြန်လည်သတိရလာခဲ့ပြီ အပြည့်အဝတော့မဟုတ်ပေမဲ့ပေါ့ငြိမ်သက်နေခဲ့တဲ့Alexရဲ့နှလုံးကတဒိတ်ဒိတ်ပြန်ခုန်လာခဲ့တယ်
နှစ်ပေါင်းများစွာ မှိတ်ကျနေခဲ့တဲ့မျက်ဝန်းများကာ ပြန်လည်လှုပ်ခတ်လာခဲ့တယ်
ရင်ဘတ်နိမ်ချည်မြင့်ချည်နဲ့စည်းချက်မှန်မှန် အသက်ရှုသွင်းရှုထုတ်လာတယ်
ဒါပေမဲ့ Alexဟာ အိပ်ယာပေါ်မှာ လဲလျောင်းနေဆဲပဲ
![](https://img.wattpad.com/cover/256862918-288-k759614.jpg)
ESTÁS LEYENDO
💚LOVE SYSTEM(1)❤️(Zaw+ Uni)