Unicode
ရှောင်းကျန့် ဇာတ်ကြောင်းဖတ်ပြီးသူ့ခေါင်းထဲဝင်လာတဲ့ ရိဇန်ရဲ့မှတ်ဉာဏ်တွေကိုသေချာကြည့်လိုက်တယ်
တကယ်ဆို ရိဇန်က အရမ်းနောင်တရခဲ့တယ် သူကသူ့မွေးစားသားရိရန်ကိုချစ်ခဲ့တာမှန်တယ် ဒါပေမဲ့ဖြူဖြူစင်စင်ချစ်ခဲ့တာ သူ ရိရန်အပေါ်မကောင်းတဲ့စိတ်မရှိခဲ့ဘူး
တနေ့ ရိရန်က သူ့ကို ရှောင်နေခဲ့တယ် အရင်လိုမဟုတ်တော့ဘဲ သူ့ကို မုန်းတီးရွံ့ရှာနေတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့တယ် သူဘာကြောင့်လဲ မသိတာမို့ ရိရန်ကို မေးကြည့်ခဲ့တယ် ဒါပေမဲ့ ရိရန်က မုန်းတယ်ဆိုတဲ့စကားကိုသာ ထပ်ထပ်ပြောနေတယ်
ရိရန်နဲ့သူက အရမ်းချစ်ကြတဲ့သားအဖနှစ်ယောက်ဘဝကနေ တစိမ်းတွေလိုဖြစ်နေခဲ့တယ် တပတ်တိတိလုံး သူ့ကိုစကားမပြောပဲနေခဲ့ပြီး အဲ့ညမှ ရိရန်က သူ့အခန်းထဲလာပြီးသူ့ရင်ကိုခွဲခဲ့တယ် သူမှာချစ်သူရှိနေပြီတဲ့လေ
အဲ့ဒါကြောင့် ရိဇန်တအားဒေါသထွက်ပြီး ရိရန်ကိုသူဖမ်းချုပ်ထားခဲ့တယ် အဲ့ညက ဘာတွေဖြစ်ခဲ့မှန်းသေချာမမှတ်မိတော့ပေမဲ့ မနက်မိုးလင်းတော့ သူ့ဘေးနားမှာအဝတ်အစားမရှိဘဲအိပ်နေတဲ့ရိရန်ကိုတွေ့ပြီးသူကမ္ဘာပျက်ခဲ့တယ်
သူ ကလေးကိုဘာလုပ်မိပြီလဲ ဖြူစင်တဲ့ကလေးကိုသူဖျက်စီးလိုက်မိပြီ သူမှားခဲ့ပေမဲ့ တဖက်မှာ ကလေးကိုပိုင်ဆိုင်ရလို့ သူပျော်နေမိတယ် တကယ်ဆို ကလေးနိုးလာခဲ့ရင် သူ့အမှားအတွက် ကလေးပေးတဲ့အပြစ်ကိုခံယူမယ်လို့ ဆုံးဖြတ်ပြီးသား
ဒါပေမဲ့ ကလေးက သူတောင်းပန်တာကိုလက်မခံခဲ့ဘူး သူကိုတွေ့တိုင်း အော်ထုတ်တယ် အနားကပ်မခံဘူး အမြဲတမ်း သူ့ကိုယ်သူသတ်သေဖို့ကြိုးစားနေတဲ့ကလေးကို ကြည့်ပြီးသူ ရင်တွေနာလာတယ်
သူကအသုံးမကျတဲ့သူပဲ ကလေးကိုပျော်အောင်ထားမယ် စိတ်ချမ်းသာအောင်ထားမယ်ဆိုပြီး သူကိုယ်တိုင်ကပဲ ကလေးကို စိတ်ဆင်းရဲစေတဲ့သူဖြစ်ခဲ့တယ်
ESTÁS LEYENDO
💚LOVE SYSTEM(1)❤️(Zaw+ Uni)