Arc(3.22)Terry

1.3K 185 28
                                    

Unicode

'ငါမခံစားနိုင်တော့ဘူးနော် မောင့်ကိုကြည့်ပါဦး ငါတခုခုဖြစ်သွားမှာကြောက်လို့ နတ်ဘုရားတပါးဖြစ်နေတာတောင် ဘာမှမလုပ်နိုင်ရှာဘူး မောင်သနားပါတယ်'

[ခဏလောက်သည်းခံပြီး ရှေ့ကိုအာရုံစိုက်ပေးပါ host
ပွစိပွစိလုပ်နေပြီး လွတ်သွားမှ ဘာဖြစ်သွားတာလဲ လာမမေးနဲ့
ပြန်မရှင်းပြနိုင်ဘူး]

'မင်း ငါဒီလိုဖြစ်နေတာကိုမကူညီပဲ ရေနစ်သူဝါးကူထိုးနေတယ်ပေါ့ တွေ့မယ် ဝမ်ရှန့် တွေ့မယ် spaceထဲပြန်ရောက်ရင် မင်းကိုမီးကင်စားပစ်မယ်'

Terry ဝမ်ရှန့်နဲ့ရန်ဖြစ်နေတုန်းမှာပဲ နောက်ထပ်မြင်ကွင်းတခုပေါ်လာသည်
ထိုမြင်ကွင်းကတော့
Alexနဲ့မိန်းကလေးတယောက် အတူတွဲရပ်နေတဲ့ပုံပင်

"ဟယ် အဲ့ အဲ့ကောင်မလေးက ငါမဟုတ်လား"

"Mary
ကောင်းကင်တမန်တော် အဖွဲဝင်တဦး
ဟုတ်တယ် မင်းပါပဲ Susan"

/သားတော်နဲ့Maryက တကယ်လိုက်ဖက်တဲ့စုံတွဲပဲ/

/နတ်ဖတ်တဲ့စုံတွဲပါပဲ ကဲ စေ့စပ်ပွဲလေး စကြရအောင်/

ထိုအချိန် ကောင်းကင်တခုလုံး အုံမှိုင်းသွားခဲ့သည်

/ဒါ ဘာဖြစ်တာလဲ/

/ဒါ မကောင်းတဲ့နမိတ်ပဲ/

/ဟားဟားဟား ဟားဟားဟား/

/ဘယ်သူလဲ မင်း ဘယ်သူလဲ/

ကောင်းကင်နတ်ဘုရားရဲ့အမေးကြောင့် သူတို့ရှေ့ရောက်လာခဲ့တဲ့သူက

/Mike/

/ဟက် ဒီလိုပွဲမျိုး ကျွန်တော့်ကိုဘာလို့မဖိတ်ကြတာလဲ ကျွန်တော်လဲ ကျွန်တော့်ကစားစရာလေး စေ့စပ်ပွဲမှာ ကောင်းချီးပေးချင်တာပေါ့/

Mikeရဲ့စကားအစုံ စေ့စပ်ပွဲ အသုံးအဆောင် အပြင်အဆင်တွေ အားလုံးပျက်စီးသွားရသည်

/မင်း!ဒါ ဘာလုပ်တာလဲ/

/ဒါဆိုလဲ ပြန်မေးပါရစေ ကျွန်တော့်အပိုင်လို့ သတ်မှတ်ထားတဲ့သူတယောက်ကို ဘာလို့တခြားသူလက်ထဲထိုးပေးနေရတာလဲ/

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now