Arc(3.6)Terry

2.4K 304 244
                                        

Unicode

"ငါကစားဖို့ စိတ်မပါဘူး Terry တကယ့် ပွဲ‌လေးစလိုက်ရအောင်"

သူမရဲ့မျက်လုံးတွေက အနီရောင်ဘက်သို့ ကူးပြောင်းသွားပြီး သူမရဲ့လက်နှစ်ဖက်ကို‌ လေထဲဆန့်တန်းလိုက်သည်

ရုတ်တရတ် ပတ်ဝန်းကျင်တခုလုံး လေပြင်းများတိုက်ခတ်လာသည်
မြို့ပြင်ကိုထွက်လာသည့်လမ်းမှာ ရုတ်တရတ် တိုက်ခိုက်ခံရပြီး
ဘာအကာအကွယ်မှမရရှိတဲ့ နေရာကိုရောက်နေတာမို့ သူတို့အတွက် ပြန်တိုက်ခိုက်ဖို့ အခွင့်မသာလှ
မြေပြင်ပေါ်ကသစ်ရွက်ခြောက်တွေ သဲတွေက လေနှင့်အတူ ပါလာပြီး သူတို့ မျက်နှာဆီကြမ်းတမ်းစွာ တိုက်ခိုက်လာသည်

Terryမျက်နှာကို လက်ဖြင့် ကာထားရင်း

"ကားနားကို အမြန်သွား"

Terryရဲ့သတိပေးစကားကြောင့် အားလုံး ကားနောက်ကို ပြေးဝင်ကာ အကာအကွယ်ယူလိုက်သည်
အလုံးစုံမလုံခြုံပေမဲ့ ခဏ‌တာ‌တော့ ကာကွယ်နိုင်မယ်ထင်ပါတယ်

"ဟက် ပြေးလို့လွတ်မယ်ထင်နေတာလား Terry နင်က အရွယ်ရောက်လာပါပြီ
ဒါပေမဲ့ အခုတခါလဲ အရင်တခါကလိုပဲ ကလေးတယောက်လို ငါ့ကို ဘာမှမတုန့်ပြန်နိုင်ပဲ အသက်ဆုံးရတော့မယ် ဟားဟား"

Vanna ကျေနပ်အားရစွာ လှောင်ရီလိုက်ပြီး
ပိုမိုပြင်းထန်တဲ့လေပြင်းတခုကို ဖန်တီးလိုက်သည်

လေပြင်းရဲ့အရှိန်က တဖြည်းဖြည်းမြင့်တက်လာပြီး တပြိုင်တည်း လူနှစ်ယောက်သုံးယောက်လောက် လွင့်စင်ထွက်နိုင်မဲ့အနေအထားကိုရောက်လာသည်

"ဝုန်း"

Terryတို့ကားကို လေပြင်းကြောင့် အမြစ်ကပါကျွတ်ထွက်လာတဲ့သစ်ပင်တပင်ကဝင်ဆောင့်သည်

"ဟားဟား နင်တို့ ဘယ်လောက်ကြာအောင်တောင့်ခံနိုင်မှာလဲ"

Vanna သူ့ရှေ့ကမြင်ကွင်းကို ကျေနပ်စွာ ကြည့်နေတုန်း

"တောက် Vanna!!!"

ကျယ်လောင်တဲ့‌ဩရှရှအော်သံနှင့်အတူ သူမဆီဖိအားတခုသက်ရောက်လာသည်

💚LOVE SYSTEM(1)❤️(Zaw+ Uni)Where stories live. Discover now