( ၂ )

25.1K 3.1K 50
                                    

<Unicode>

အခန်း ( ၂ ) - ဒီပုံစံအတိုင်းပဲ ဓာတ်ပုံယူလိုက်

လော့ကျိုးကျိုးမှာ ဖြေပြီးပြီးချင်း နောင်တရကာ ကိုယ့်ကိုကိုယ် ရှက်ရွံ့သွားမိသည်။ သူ့အား ထောက်တိုင်တွင် မီးစင်တင်ရှို့ခြင်းတောင် မရှိရသေးပါပဲ၊ နှိပ်စက်ခြင်းတောင် မပြုရသေးပါပဲနှင့် သေနတ်တစ်လက်၊ စကားတစ်လုံးကြောင့် ဗန်ပိုင်းယားမျိုးနွယ်တို့ ကာကွယ်ရမည့် လျို့ဝှက်ချက်ကြီးအား လွယ်လွယ်ကူကူ ဖွင့်ချမိခဲ့ပါ၏။

သူ ဗန်ပိုင်းယားဖြစ်ဖို့ မထိုက်တန်​ေပ။

လော့ကျိုးကျိုးတစ်ယောက် စဥ်းစားလေလေ နောင်တရလာလေလေ ဖြစ်သည်။ ကိုယ့်လုပ်ရပ်အပေါ်ရှက်လွန်းလှသဖြင့် ဝမ်းနည်းရလွန်းသဖြင့် ထိန်းမထားနိုင်တော့ပဲ နောက်ဆုံး ငိုချတော့သည်။

အစကတော့ မျက်ရည်ကျရုံမျှသာ ဖြစ်သော်လည်း တဖြည်းဖြည်း ရှိုက်သံတွေပါ ပါလာကုန်သည်။ မျက်ရည်သီးများက အတွဲလိုက် မျက်နှာပေါ်သို့ ဖြတ်သန်းစီးဆင်းကာ ကြေတွန့်နေပြီဖြစ်သော မုတ်ဆိတ်တုတွင် သွား​၍ တွဲလဲခိုကြသည်။

သူ့အရှေ့မှလူက မေးခွန်းထုတ်ခြင်းကို ရပ်တန့်ကာ သေနတ်ကို ခါးလွယ်ပစ္စတိုအိတ်ထဲ ပြန်ထည့်ပြီးနောက် သူ့အား မတ်တပ်ရပ်လျက်သား စိုက်ကြည့်နေလေ၏။

ထိုအချိန်မှာပင် ခြေသံများမှာ ဝေးရာမှ နီးနီးလာကာ စစ်သားအုပ်စုလိုက် နောက်ဆုံးရောက်လာတော့သည်။

လော့ကျိုးကျိုးမှာ မျက်စိမှိတ်ထားသော်လည်း စစ်သားတို့၏ အသက်ရှုသံများ၊ ဘွတ်ဖိနပ်အချင်းချင်း ထိခတ်သံများနှင့် အလေးပြုသံတို့ကို အတိုင်းသား ကြားနေရ၏။

"ဗိုလ်ချုပ်ချူဖုန်း"

မည်သူမျှ စကားမဟလာသေး၊ လော့ကျိုးကျိုး၏ ကြိုးစားထိန်းချုပ်နေသည့်ကြားမှ ထွက်ပေါ်လာသော ရှိုက်သံသာ ကြီးစိုးနေ၏။

"ဗိုလ်ချုပ်ချူဖုန်း ဒီလူက..." အရှေ့မှ မြင်ကွင်းကို ကြည့်ကာ စစ်သားစုခေါင်းဆောင်မှာ ဘာလုပ်လို့ လုပ်ရမည် မသိ။ သို့ဖြစ်ရာ မဝံ့မရဲဖြင့် မေးလာသည် "ကျွန်တော်တို့ အရင်ဆုံး သူ့ကို ချုပ်ထားလိုက်ရမလား ဆရာ"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now