( ၅၈ )

12.5K 2.2K 76
                                    

< Unicode >

အခန်း ( ၅၈ ) - သွား!

"ငါ လိပ်ကန်တစ်ခု ဝယ်ပေးမယ်လေ။ ဘယ်လိုကန်မဆို ရတယ်။ အကောင်းဆုံးနဲ့ စျေးအကြီးဆုံးကိုပဲ ဝယ်ပေးမယ်" ချန်စီဟန် ရင်နာနေရသော မျက်နှာဖြင့် လော့ကျိုးကျိုးကို လက်ညှိုးထိုးကာ "ပြောလိုက် ဘယ်လို လိပ်ကန်မျိုး လိုချင်လဲ"

"အာ့...အာ့ဆို သာမန်ငါးမွေးကန်လောက်ဆိုရင်ပဲ ရပါတယ်"

လော့ကျိုးကျိုး တစ်နေ့လုံးပင် ညစာစားချိန်မှလွဲ၍ တစ်ချိန်လုံး အိပ်ရာထဲ လှဲနေခဲ့သည်။ ချန်စီဟန်၏ အဆက်မပြတ် ဖုန်းပြောသံများကို နားထောင်ရင်းမှ ချူဖုန်းတီရှပ်ကို ရင်ထဲ ပိုက်ကာ ရံဖန်ရံခါ ရနံ့လေးကို နမ်းရှိုက်နေမိသည်။

"ကျိုးကျိုး ငါ အထဲဝင်လာလို့ ရလား" ချန်စီဟန်က ဖုန်းပြောဆိုမှုအား လက်စသတ်၍ အိပ်ခန်းတံခါးကို လာခေါက်သည်။

လော့ကျိုးကျိုး တံခါးကို ဝမ်းနည်းစွာ လှမ်းကြည့်ကာ ဖြေသည် "ဝင်ခဲ့လေ"

ချန်စီဟန် တံခါးတွန်းဖွင့်ကာ ဝင်လာပြီး မေးသည် "ကျိုးကျိုး နေမကောင်းဘူးလား"

"ကောင်းပါတယ်" လော့ကျိုးကျိုး ကိုယ့်အခြေအနေကိုယ် အရင်စစ်ကြည့်လိုက်ကာ ဖြေသည် "မနာတော့ဘူး"

"ဒါဆို ဘာလို့ တစ်နေကုန်လှဲနေတာလဲ" ချန်စီဟန် မေးပြန်သည်။

"အရမ်းအပျင်းတစ်လို့နေမယ်" လော့ကျိုးကျိုး ဖြေချေသည်။

ချန်စီဟန် သူနှင့် ထိပ်တိုက်ဆိုင်ကြည့်ပြီးနောက် လိုက်လျောပေးလိုက်ကာ "အေးပါ အပျင်းတစ်တာပေါ့"

ထိုအချိန်တွင် တာမီနယ်မှ မြည်သံထွက်ပေါ်လာပြန်လေသည်။

"...အဲ့တော့ မင်းတို့လူတွေက ဘယ်နှယောက် ရှိတာလဲ...မဖြစ်ဘူး အဲ့အတိုင်းဆို တရားခံထွက်ပြေးသွားလိမ့်မယ်...မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး!..." ချန်စီဟန် မျက်နှာမည်းမှောင်လျက် လေးနက်စွာ တာဝန်များ ခွဲဝေ၍ ဖုန်းပြောရင်း ဧည့်ခန်းဘက် လျှောက်သွားတော့သည်။

ချန်စီဟန်အသံက ခက်ခဲသော ကိစ္စတစ်ခုနှင့် တိုးနေရပုံပေါ်ရာ လော့ကျိုးကျိုးလည်း အခန်းထဲမှ ထွက်ခဲ့လေသည်။ ဧည့်ခန်းထဲတွင် စခရင်အကြီးစားအသေးစား လေးခု ပျံ့လွင့်နေကာ အခန်းကို တစ်ဝက်ဖုံးလို့တောင်နေ၏။ ချန်စီဟန်ကား ဟိုသည် လျှောက်သွားလျှောက်လာလုပ်ရင်း ရံဖန်ရံခါရပ်၍ စခရင်ပေါ် တို့ထိနေလေသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now