( ၇၀ )

13.8K 2.1K 182
                                    

< Unicode >

အခန်း ( ၇၀ ) - သုတေသန ခရီးရောက်လာပြီ

ညစာစားပြီးသောအခါ လော့ကျိုးကျိုးသည် ဟန်နီဝက်ဝံညိုနှင့် မြတ်နိုးလေးတို့ကို အတူတကွ အိပ်ရာပေါ် တင်၍ နေရာချပေးလိုက်လေသည်။ ချူဖုန်းသည် နောက်က လိုက်ပါလာကာ တံခါးဘောင်ပေါ် မှီရင်း မေးသည် "ကျိုးကျိုး ဝက်ဝံနှစ်ကောင်က အိပ်ရာအပြည့်နေရာယူထားတော့ ကိုယ်ကျ ဘယ်နားသွားအိပ်ရမလဲ"

သူ ဧည့်သည်အိပ်ခန်းထဲ သွားမအိပ်တော့။ မာစတာအိပ်ခန်းထဲ ပြန်ရွှေ့လာကာ လော့ကျိုးကျိုးနှင့်အတူ အခန်းမျှသုံးနေချေသည်။ ချူဖုန်းစကားကြားသော် လော့ကျိုးကျိုး အပြုံးရပ်သွားရကာ ရှက်ရှက်ဖြင့် ဟိုသည်လျှောက်ကြည့်နေမိသည်။

ပြီးနောက် ဝက်ဝံနှစ်ရုပ်ကို ကောက်မ၍ အိပ်ရာထဲက ထွက်ကာ ချူဖုန်းနံဘေးမှ ဖြတ်ကျော်ပြီး ဧည့်သည်အိပ်ခန်းဘက် ထွက်သွားတော့သည်။

ချူဖုန်းသည် တံခါးဘောင်ကို မှီနေရာမှ မတ်မတ်ထရပ်ကာ "ဘာလို့လဲ။ သုံးယောက်တည်း ကိုယ်မပါဘဲ ဧည့်သည်အိပ်ခန်းထဲ သွားအိပ်ကြမလို့လား"

လော့ကျိုးကျိုးက အဖြေမပေးပဲ ဧည့်သည်အိပ်ခန်းထဲ တန်းတန်းမတ်မတ်ပင် ဝင်သွားလေသည်။

ချူဖုန်းသည် နောက်မှ ကပ်လိုက်ပါလာရင်း ပြောချေသည် "နည်းနည်းလောက် ညှစ်ချင်တယ်ဆိုလည်း ရတယ်လေ။ ကိုယ် ကိစ္စမရှိဘူး..."

လော့ကျိုးကျိုးသည် ဝက်ဝံနှစ်ကောင်ကို အိပ်ရာပေါ်တွင် ချပေးလိုက်ကာ နောက်လှည့်၍ ချူဖုန်း ခါးကို ဖက်လိုက်ပြီးနောက် ခေါင်းမော့လာပြီး ပြောသည် "အဖော်ရှိနေမှတော့ သူတို့ဘာသာပဲ အိပ်ပါစေလေ။ ခင်ဗျားနဲ့ လာတိုးအိပ်ချင်လို့တော့ မရဘူး"

"အာ့ဆို မင်း မြတ်နိုးလေးနဲ့အတူတူ မအိပ်တော့ဘူးလား" ချူဖုန်းက လက်ဆန့်ထုတ်၍ လော့ကျိုးကျိုးနှာခေါင်းကို ဖွဖွညှစ်လိုက်သည်။

"အကုန်လုံး ကိုယ်ချစ်တဲ့သူနဲ့ပဲ အိပ်ရမှာလေ။ မြတ်နိုးလေးမှာ သူ့ရဲ့ တက်ဒီဝက်ဝံလေး ရှိတယ်။ ကျွန်တော်ကတော့ ခင်ဗျားနဲ့ အိပ်မယ်" လော့ကျိုးကျိုးက ဖြေသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now