( ၃ )

21.5K 3.1K 70
                                    

<Unicode>

အခန်း ( ၃ ) - ရှာတွေ့ပြီ

"နာမည်က ဘာလဲ"

"လော့ကျိုးကျိုး"

"အသက်က"

"၁၉"

...

လော့ကျိုးကျိုးသည် စားပွဲခုံရှေ့တွင် ထိုင်ကာ တစ်ဖက်မှ ရဲကြပ် မေးလာသမျှ မေးခွန်းကို တစ်ခုချင်းစီ ဖြေသည်။ ယနေ့ညအတွက် ဤမေးခွန်းမျိုး ဖြေရသည်မှာ တတိယံပိဖြစ်သည်။

ရဲမေသည် ဘေးတံခါးပေါက်မှ သွားသတင်းပို့ခဲ့သော ရဲမှ လာခေါ်သွားပြီးနောက် လက်ထဲ ရှုးဖိနပ်နှစ်ရံနှင့် ပြန်ရောက်လာ၏။ ဖိနပ်များမှာ အသစ်အတိုင်း ဖြစ်သည်။

"ဒါ ဝတ်ထားလိုက် ဗိုလ်ချုပ်ချူက မင်းအတွက်ဆိုပြီး သွားရှာခိုင်းထားတာ" ေပြာပြီး လော့ကျိုးကျိုးရှေ့ ဖိနပ်ချပေးသည်။

လော့ကျိုးကျိုးသည် ခေတ္တမျှ တွေဝေနေကာ နောက်ဆုံးကျ ဖိနပ်ထဲ ခြေထောက်ထည့် စွပ်လိုက်သည်။ ဖိနပ်များသည် သူ့ ခြေထောက်ထက် ပိုကြီးသော်လည်း အသားနူးညံ့၏။

သူ ဖိနပ်ဝတ်နေစဥ်တွင် ရဲမေသည် တစ်စုံတစ်ခုကို သတိရသွားဟန်ရှိကာ သူ့လက်ဖဝါးသူ ပြန်ရိုက်သည် "ဟုတ်သား၊ ကော်ဖီရှိသားပဲ"

ဤသို့ရေရွတ်ပြီးနောက် ထောင့်မှ ကော်ဖီဖျော်စက်ဆီ သွားကာ အငွေ့တထောင်းထောင်းထနေသည့် ကော်ဖီတစ်ခွက် ယူလာပြီးနောက် လော့ကျိုးကျိုးရှေ့စားပွဲပေါ် ချပေးသည်။

"သောက်လိုက်" သူမက ဆိုသည်။

"ဗိုလ်ချုပ်ချူက ဘာလို့ အမြဲကင်းလှည့်နေတာလဲ နာမည်ရထားပြီးသားပဲကို" အနားမှ ဖိုင်တွေ စီနေသည့် ရဲသားက ရုတ်တရက်ထမေးသည်။

လော့ကျိုးကျိုးကို မေးခွန်းထုတ်နေသည့် ရဲကြပ်က အမေးရပ်ကာ လှည့်ကြည့်ပြီး "အိုမီဂါသတ​်သမား ကေ့စ်ကြောင့်လေ လူသတ်သမားကို အခုထိမှ ဖမ်းမမိသေးတာကိုး ဒီကောင်ကလည်း အသေလျင်တာကွ ဗိုလ်ချုပ်ချူက ငါတို့ ရဲတွေ လုပ်နေတာ ခရီးမရောက်ဖူး ထင်လို့နဲ့တူပါတယ် ကင်းထွက်လှည့်တော့တာပဲ"

"အဲ့လိုဆိုတောင် လူကိုယ်တိုင် ကင်းထွက်မလှည့်လည်း ရနေတာကို" ရဲမေကပါ စိတ်ဝင်စားလာဟန် ရသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now