( ၄၉ )

14K 2.3K 300
                                    

< Unicode >

အခန်း ( ၄၉ ) - ဒီအပတ်ရဲ့ အယ်လ်ဖာ

"စမ်းသပ်ချက်တွေလည်း မလုပ်ပဲ ဘယ်ကို ခြေပေါက်နေတာလဲ" ချီဖန်း၏ အေးစက်စက်အကြည့်က မျက်မှန်ကတဆင့် လျှံထွက်ကျလာ၏။

လော့ကျိုးကျိုးသည် ရှုးဖိနပ်ကို အောက်ငုံ့ကြည့်ကာ ဖြေလေသည် "ဟုံဖန်ကို သွားရှာတာ"

"နားမလည်တာရှိ ငါ့ မေးပေါ့ ဘာကိစ္စနဲ့ ဟုံဖန်ကို သွားရှုပ်တာလဲ" ချီဖန်းက မျက်မှောင်ကုတ်သည်။

"နားမလည်တာရှိရင် ဒါရိုက်တာကို တကယ်မေးလို့ ရလို့လား" လော့ကျိုးကျိုးက အသံပိစိဖြင့် မေးသည်။

ချီဖန်းသည် မှုန်ကုပ်ကုပ်ဖြင့် ဖြေ၏ "ငါက အဲ့လောက်ထိ ကြောက်ဖို့ကောင်းလား နီးနီးနားနားမှာ ရှိတဲ့ ငါ့အစား အခြားလူသွားမေးရတယ်လို့"

လော့ကျိုးကျိုးသည် တစ်ချက်မော့ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ခေါင်းပြန်ငုံ့သွားကာ "ဒါရိုက်တာက....အဲ့လောက်ထိ ကြောက်ဖို့ကောင်းတာကိုး..."

ချီဖန်းသည် သိသိသာသာကို နင်သွားရကာ မေးသည် "အဲ့ဒီတော့ အဖြေရခဲ့လား"

"မရခဲ့ဘူး"

"မေးစရာရှိတာ မေး ငါ ဖြေမယ်" ချီဖန်းက နှာမှုတ်သံပြုသည်။

"တကယ်လား ဘယ်မေးခွန်းမဆိုလား"

ချီဖန်းက ယုံကြည့်ချက်အပြည့်ဖြင့် ဆို၏ "ဘယ်မေးခွန်းမဆို ဖြေမယ်"

"ကတိက ကတိပဲနော်"

"စိတ်ချ" ချီဖန်းက စိတ်မရှည်တော့။

လော့ကျိုးကျိုးသည် လက်သန်းချင်း ချိတ်ကာ ကတိပြုချင်သော်လည်း တစ်ဖက်လူ၏ မကြည်မလင်မျက်နှာကို မြင်သောအခါ လက်ပြန်ရုတ်သွားရသည်။

"မြန်မြန်မေး အင်းအဲလုပ်မနေနဲ့ ဘယ်လောက် ခက်ခဲတဲ့ မေးခွန်းမို့ ဟုံဖန်လို ထူးချွန်ပညာရှင်တောင် မဖြေနိုင်တာလဲ ကြည့်ရအောင်" ချီဖန်းက ဆိုသည်။

လော့ကျိုးကျိုးသည် သူ့ကိုယ်သူ ပြန်အားပေးကာ လက်သီးဆုပ်၍ မေးချလိုက်တော့သည် "ဒါရိုက်တာ အထူးတပ်ဖွဲ့ဝင် ၂၈ ယောက်က ဘန်ဇီဒရင်း အထိုးလွန်ပြီး သေသွားရတာလေ အဲ့နေ့မှာ စစ်တပ်ကနေ ဆေးလာယူတော့ ပုံမှန်ထက် နှစ်ဆပိုယူသွားခဲ့လား"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now