( ၃၂ )

15K 2.5K 78
                                    

< Unicode >

အခန်း ( ၃၂ ) - လိရန်

ချူဖုန်းသည် အခန်းကျဉ်းလေးတစ်ခန်းဆီ လျှောက်သွားပြီးနောက် ကတ်ကို ဆွဲဖြတ်ကာ တံခါးဖွင့်လိုက်သည်။

လော့ကျိုးကျိုးသည် 'လိရန်' ဟု ရေးထားသော နာမည်ပလိတ်ပြားကို တံခါးပေါ်တွင် မြင်လိုက်ရသည်။

တံခါးရွက်စေ့ပိတ်သွားသော် ဟစ်ကြွေးသံအားလုံးလည်း ဆိတ်သုဉ်းလျက် ရုတ်တရက် တိတ်ကျသွားတော့သည်။

လော့ကျိုးကျိုးက အခန်းထဲ လှည့်ပတ်ကြည့်ရှုလေသည်။ အခန်းကား နားနေခန်းတစ်ခန်းမျှ ဖြစ်ကာ သိပ်မကျယ်လှ။ သို့သော် လိုအပ်သည့် ပစ္စည်းပစ္စယများတော့ စုံလင်သည်။ သန့်စင်ခန်းတစ်ခန်း၊ အဝတ်ဗီရိုတစ်လုံး၊ ဆိုဖာခုံတစ်ခုံ၊ ပရိုဂျက်ရှင်တီဗီတစ်လုံးနှင့် ရေခဲသေတ္တာတစ်ခု။

ချူဖုန်းသည် လေးထောင့်စားပွဲသို့ သွား၍  intercom ကို နှိပ်ပြီးနောက် "ရှောင်ဖုန်း ငါ့ အခန်းကို လာခဲ့...အေး ငါ ဒီနေ့တစ်ပွဲဆွဲမယ်...ပွဲစီစဉ်ထားလိုက်..."

ချူဖုန်းမှ ထိုနားနေခန်းအား မိမိအပိုင်ကဲ့သို့ တရင်းတနှီးရှိနေပုံကို လော့ကျိုးကျိုးသည် ဆွံ့အစွာ ကြည့်နေမိလေသည်။

မကြာမီပင် တံခါးပွင့်ပြီး ကိုယ်ထည်ကြီးကြီးခေါင်းပြောင်ပြောင်နှင့် ယောက်ျားတစ်ယောက်သည် ကျယ်လောင်စွာ အော်ရယ်ရင်း ဝင်လာတော့သည် "လိရန် မင်းနောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့ ပရိတ်သတ်တွေဆို မင်းကို စောင့်ရင်း တက်ကြွတဲ့ ကြက်ဖတွေ ဖြစ်နေကြပြီ"

လော့ကျိုးကျိုးက ချူဖုန်းကို ကြည့်သည်။

'လိရန်? သူ့ရဲ့ နာမည်ကို လိရန်တဲ့လား?' ချူဖုန်းသည် ရေခဲသေတ္တာထဲမှ ရေဘူးတစ်ဘူး ထုတ်၍ အဖုံးဖွင့်ပြီးသော် လော့ကျိုးကျိုးကို ကမ်းပေးလိုက်ရင်း အေးအေးပင် ဆိုလေသည် "ဒါဆိုလည်း တွန်ခိုင်းလိုက်ရတာပေါ့"

ရှောင်ဖုန်းက ဟက်ဟက်ပက်ပက်ပင် ရယ်မော၍ ပါးစပ်ပြန်ပိတ်သွားလေသည်။

လော့ကျိုးကျိုးက အရပ်ရှည်ရှည်နှင့် အသက်လေးဆယ်အရွယ်ရကာ ပေါ်နေသော အသားစိုင်များတွင် တက်တူးအပြည့်ထိုးထားသည့် ရှောင်ဖုန်းကို ကြည့်သည်။ ထိုလူ၏ အသက်အရွယ်ရော ကိုယ်အချိုးအစားကပါ နာမည်ထဲက အသေးလေး ဟု အဓိပ္ပာယ်ရသော ရှောင် စကားလုံးနှင့် မလိုက်ဖက်။ ထို့ပြင် ထိုလူ အခန်းထဲ ဝင်လာကတည်းက ချူဖုန်း၏ နူးညံ့နေခဲ့သော မျက်နှာထားမှာ တင်းမာသွားလျက် မျက်လုံးများသည် အသက်မပါတော့။ မျက်နှာဖုံးအစစ်တစ်ခုကို အခုမှ တပ်ဆင်လိုက်သလိုပင်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now