( ၇၄ )

12.3K 2.2K 234
                                    

Trigger Warning: Slightly gory!

__

< Unicode >

အခန်း ( ၇၄ ) - အသွင်ကူးပြောင်းခြင်း

ချူဖုန်းအကြည့်များက မျက်နှာဖုံးနှင့် လူထံတွင်သာ နှစ်စက္ကန့်မျှ ဝေ့ဝဲနေခဲ့ပြီးနောက် ထျန်းလန်ဆီ ရောက်လာလေသည်။

ထျန်းလန်က ဆိုသည် "ဗိုလ်ချုပ်ချူ ရဲမှူးချန် ထူကျို့ကို ကျွန်တော်တို့ဆီ ပြန်ပေးလိုက်ပါ။ ဒီကျေးဇူးကို မမေ့ပါဘူး။ နောင်မှ ပြန်ဆပ်ရတာပေါ့လေ"

ချန်စီဟန်သည် လက်ထဲမှ ထူကျို့ကို ကြည့်၍ ထျန်းလန်ကို ပြန်ကြည့်ကာ ခေါင်းတခါခါဖြင့် ရယ်သည် "လူသတ်သမားက စျေးပြန်ဆစ်တာကို ခံရတာ ဒါပထမဆုံးပဲ"

ထျန်းလန်ကလည်း အတူလိုက်ရယ်၍ ပြီးသွားသော် နံဘေးရှိ လူထံမှ ထီးကို ယူကာ "ခင်ဗျားတို့ အလျင်စလိုနဲ့မို့ အခြားဘယ်သူမှ ခေါ်မလာခဲ့မှန်း ကျွန်တော် သိတယ်။ ဗိုလ်ချုပ်ကြီးရော ရဲမှူးကြီးရော ကျွန်တော်တို့လို့ အသွေးအသားနဲ့ လူတွေပဲ မဟုတ်လားဗျ" ပြောရင်း လက်ထဲမှ သေနတ်ကို မြှောက်ကာ "အပစ်ခံရရင် သွေးထွက်ပြီး သေကြမှာတော့ အကုန်အတူတူတွေပဲလေ"

ထိုအချိန်တွင် အနောက်ဘက်မှနေ ယောက်ျားတစ်ယောက်က ပြေးလာကာ ထျန်းလန်နားနား ကပ်၍ တစ်စုံတစ်ခုပြောလိုက်လေသည်။ ထျန်းလန်က ချူဖုန်းကို အဓိပ္ပာယ်ပါပါဖြင့် တစ်ချက်ကြည့်ကာ ထိုလူကို ခေါင်းညိတ်ပြလိုက်သည်။

ချူဖုန်း မလှုပ်မယှက်ဖြင့် ကြည့်နေသော်ငြား နံဘေးတွင် ချထားသော လက်ကမူ လက်သီးဆုပ်သွားလေသည်။ ချန်စီဟန်လည်း တစ်ခုခုမူမမှန်မှန်း သတိပြုမိရာ အတူတကွ ဘေးတွင် လာရပ်သည်။

"အိုကေလေ....ငါ ထူကျို့ကို မင်းဆီ ပြန်ပေးမယ်" ချူဖုန်းက ရုတ်တရက်ပြောလာသည်။

ပြီးနောက် မြေပြင်ပေါ် ကျနေခဲ့သော ချန်စီဟန်၏ သေနတ်ကို ကောက်ကာ ထူကျို့ခေါင်းကို ချိန်ရင်း ရှေ့တွန်းလျှောက်ခိုင်းလိုက်သည်။

"နေဦး" ထျန်းလျန်က ထပြောသည် "ဗိုလ်ချုပ်ချူရဲ့ အစွမ်းတွေကို ကျွန်တော် မြင်ဖူးထားပြီးသား။ အနားကပ်စရာ မလိုဘူး။ သူ့ဘာသာပဲ လျှောက်လာခိုင်းလိုက်"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now