( ၈၁ )

12.1K 2.2K 74
                                    

< Unicode >

ရှင်းလင်းချက်

Yoru အရင်တစ်ပိုင်းမှာ ဆူးရစ်ပင် (locust tree) ကို ကျိုင်းပင်လို့ မှားပြန်မိသွားခဲ့ပါတယ်။ အခုတော့ ပြန်ပြင်ထားပါပြီနော်။ သွေ့ပုချိပါ။

_

အခန်း ( ၈၁ ) - ကြောင်ငယ်လေးက ငါးခြောက်ကို ဆွဲလုသွားတယ်

သူတို့နှစ်ဦး ထိုအိမ်မှာပင် အတန်ကြာနေပြီးနောက် အခြားအိမ်များကို လှည့်ပတ်ကြည့်ကြသည်။ အခြားအိမ်များတွင်လည်း တမူထူးတာမျိုးမရှိ၊ အတော်ကြာပတ်ရှာပြီးသည့်တိုင် ဘာမျှ ရှာမတွေ့ခဲ့ပေ။

ချူဖုန်းက ပြတင်းပေါက်နား သွား၍ အပြင်ဘက်ကို ကြည့်ကာ ဇဝေဇဝါဖြင့် ဆိုသည် "ဗိုလ်ချုပ်လော့က အကြောင်းမရှိပဲ မင်း မွေးတဲ့ အချိန်အကြောင်းပြောမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီအိမ်ထဲမှာ ဘာမှ မရှိဘူး။ သူပြောတဲ့ ကားဂိုဒေါင်ဆိုတာလည်း မရှိဘူး"

"အဲ့နေ့က မုန်တိုင်းကျနေတာ။ အိမ်နောက်က ဆူးရစ်ပင်ကို မိုးကြိုးပစ်ချလိုက်တော့ ကားဂိုဒေါင်ဘယ်ဘက်နံရံက တစ်ဝက်လောက် ပြိုကျသွားတယ်" ချူဖုန်းက ရေရွတ်ကာ "ကားဂိုဒေါင်။ ကားဂိုဒေါင်ဘယ်ဘက်နားမှာလဲ။ ကိုယ် အရှေ့ဝင်ပေါက်နားမှာ နေရာလွတ်တစ်ခု တွေ့လိုက်တယ်။ ဗိုလ်ချုပ်လော့ ကားပါကင်ထိုးနေကျ နေရာလို့တော့ ထင်တာပဲ။ ဒါပေမဲ့ အဲ့ဒါ ကားဂိုဒေါင်မှ မဟုတ်တာ"

သူ အိမ်နောက်ဖေးမှ မြက်ခင်းပြင်၊ ရေကူးကန်ငယ်လေးတို့ပေါ် သစ်ရွက်ခြောက်များ ကြွေကျဖုံးလွှမ်းနေပုံကို ကြည့်ကာ အတွေးပွားနေမိသည်။

တစ်ချိန်ကတော့ ထိုနေရာလေးသည် အလွန်လှပခဲ့ပုံပင်။

ချူဖုန်းသည် စဥ်းစားရင်း ရေရွတ်သည် "မုန်တိုင်း၊ ဆူးရစ်ပင်၊ ကားဂိုဒေါင်..."

လော့ကျိုးကျိုးက ပြောလာသည် "အခြားလူတစ်ဦးရဲ့ ကားဂိုဒေါင်များလား"

ချူဖုန်းက စဥ်းစားကြည့်ကာ "မြို့ထဲ သွားပြီး ရှာကြည့်ကြတာပေါ့"

မြို့လေးမှာ အတန်အသင့်ကျယ်ပြန့်သော်လည်း အားလုံးကမူ အိမ်ချင်း နီးနီးကပ်ကပ်နေကြလေသည်။ ချူဖုန်းသည် SUV ကို မောင်းရင်း မြို့ထဲ လျှောက်၍ လှည့်ပတ်ကြည့်ခဲ့သည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now