( ၁၁ )

16K 2.6K 120
                                    

Warning: Attempted Rape!

____

<Unicode>

အခန်း ( ၁၁ ) - သူနဲ့ ခပ်ဝေးဝေးမှာနေ

"ဟိုတစ်ခေါက်က မက်သူ့စ်လာဆိုတာ ဘာအဓိပ္ပါယ်လဲလို့ မေးဖို့ကို အခွင့်မကြုံလိုက်ရဘူး" ချူဖုန်းက ဆိုသည် "အခုပြောပြလို့ ရမလား"

လော့ကျိုးကျိုးက သူ့ကို ကြည့်ကာ ပါးစပ်စေ့ပိတ်လျက် စကားပြန်မဆို။

ချူဖုန်းက ဆက်သည် "မင်း မဖြေချင်ရင်လည်း ရတယ်လေ ကိုယ် စစ်ကြည့်ပြီးသွားပြီ"

လော့ကျိုးကျိုးမှာ ရင်ခုန်သံမြန်သွားရကာ စိတ်လှုပ်ရှားစွာ ကြည့်လာသည်။

"မက်သူ့စ်လာ ကိုယ်တို့ ဂြိုလ်ပေါ်က ေရာဂါတစ်မျိုးပဲ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုး" ရှေ့တွင် လမ်းဖြတ်ကူးနေသူ ရှိသည်မို့ ချူဖုန်းက ကားရပ်ကာ စတီယာရင်ပေါ် လက်တင်လျက် ပြောသည် "ဒီရောဂါရှိတဲ့လူတွေက ရယ်အနည်းငယ်အတွင်းမှာ အရေးကြောင်းတွေ ပေါ်လာပြီး ဆံပင်တွေဖြူကုန်ကြတယ် ခါးစကိုင်းလာကြတယ် သူတို့ တစ်ကိုယ်လုံးက လိမ္မော်သီးခွံခြောက်တွေလိုပဲ အဆိုးရွားဆုံးကတော့ ခန္ဓာကိုယ်အင်္ဂါအနှံ့ ရောဂါမျိုးစုံ ပွားလာပြီး လအနည်းငယ်အတွင်းမှာ မမှတ်မိနိုင်လောက်အောင် အသက်ကြီးရင့်သွားကြတာပဲ အလွန်ဆုံးရှိ တစ်နှစ်ထဲမှာ လူကြီးရောဂါနဲ့ သေကုန်ကြရတယ် မက်သူ့စ်လာဆိုတာ အတော်ဆိုးဆိုးဝါးဝါးပဲ လော့ကျိုးကျိုး မင်းလည်း အဲ့လိုမျိုး အနာဂတ်မှာ ဖြစ်လာမယ်လို့ ကိုယ် မထင်ထားမိဘူး"

ချူဖုန်းသည် စကားကို အေးအေးလူလူပင် အဆုံးသတ်လိုက်ပြီးသော် လော့ကျိုးကျိုးကို လှည့်ကြည့်လာသည်။ သူ၏ မျက်နှာထက်တွင် လေးနက်သော သွင်ပြင်တစ်ခု ဖြစ်တည်နေကာ မျက်ဝန်းတစ်စုံကမူ အခြေကင်းမဲ့သည့် နက်မှောင်သော ရေအိုင်များအလား ဝမ်းနည်းမှုဂရုဏာတို့ ညိုလဲ့လျက် တောက်ပနေသည်။

လော့ကျိုးကျိုးမှာ အံ့အားသင့်သွားမိသည်။

သူ့ မှတ်ဉာဏ်ထဲတွင် ချူဖုန်းသည် အကျင့်ယုတ်၍ ဆိုးညစ်ကာ အေးစက်စက်နှင့် သူ့ကို အမြဲမထိတထိ စနောက်နေတတ်သူတစ်ယောက် ဖြစ်သည်။ ဤသည်ကား ညှိုးငယ်နေသည့် ချူဖုန်းအား သူ ပထမဦးဆုံးမြင်ဖူးခြင်းပါပေ။ ေလာ့ကျိုးကျိုးမှာလည်း စိတ်ထဲ ဝမ်းနည်းမှုများ ကူးစက်သွားသလို ခံစားရကာ ရင်ထဲ နေမထိထိုင်မသာ ဖြစ်မိသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now