( ၈၈ )

13.6K 2.2K 112
                                    

< Unicode >

အခန်း ( ၈၈ ) - ဇာတ်သိမ်း

ရဟတ်ယာဥ်ကား လေထန်ထန်ထဲ မြင့်တက်သွားကာ ဘယ်ညာယိမ်းယိုင်၍ နားကွဲမတတ် မြည်ဟီးသံများပါ ဟိန်းထွက်လာတော့သည်။ ပိုင်းလော့မှ အသဲအသန်ထိန်းညှိရန် ကြိုးစားသော်ငြား ရဟတ်ယာဥ်မှာ  ထိန်းချုပ်မရတော့။ အောက်ဘက်သာ ပြုတ်ကျလာတော့သည်။

"သွားပြီ ပျက်ကျနေပြီ" ပိုင်းလော့က ထိတ်လန့်တကြားဖြင့် အော်သည်။

မော်တော်ဘုတ်များပေါ်မှ လူများကမူ သေနတ်များဖြင့် ချူဖုန်းရှိရာသို့ ပြုံတိုးကာ ချိန်ပစ်နေကြဆဲပင်။ သို့ဖြစ်ရာ ချူဖုန်းလှေရှေ့တစ်ခြမ်းမှာ ပျားတူတွင်းအလား ဖြစ်လာရ၏။

"ရဟတ်ယာဥ်ပျက်ကျနေပြီ!"

တစ်ယောက်က ကြောက်လန့်တကြားအော်သည် "သားတော်မြတ်က အထဲမှာပဲ ရှိသေးတယ်"

ကယ်လ်ဂါက သားတော်မြတ်ဖြစ်ကြောင်း သတင်းမှာ မဟာမိတ်ပေါင်းစုတစ်ခုလုံးပျံ့နှံ့နေကာ မှန်တော်ရာကျောင်းလည်း သိရှိထားပြီးဖြစ်ပါ၏။ အလေရှာနှင့် အနီးဆုံး အဖွဲ့ကား သားတော်မြတ်ပြန်အလာလမ်းကို ကြိုရန် ဂိုဏ်းထောက်ထံမှ အမိန့်ရရှိခဲ့ခြင်းပင်။ အသံကို ကြားရာ အကုန်လုံး အပစ်ရပ်စဲကာ ဆွံ့အလျက် ရဟတ်ယာဥ်ကို ငေးကြည့်နေမိကြသည်။

ကြည့်နေစဥ်မှာပင် ရဟတ်ယာဥ်သည် တိမ်းစောင်းကာ မြစ်ရေပြင်ထံ အရှိန်ဖြင့် ထိုးဆင်းကျလာတော့ချေသည်။

ချူဖုန်းသည်လည်း မော်တော်ဘုတ်ထဲမှ မတ်တပ်ထရပ်ကာ လက်သည်းများ လက်ဖဝါးထဲ စိုက်ဝင်ကုန်သည်အထိ လက်သီးတင်းတင်းဆုပ်ရင်း မော့ငေးနေမိသည်။

"ကျိုးကျိုး မင်း လုပ်နိုင်တယ်..."

ရဟတ်ယာဥ်နှင့် ရေမျက်နှာပြင်တို့ ရိုက်ခတ်တော့အံ့ဆဲဆဲတွင် တံခါးပေါက်မှနေ အရိပ်တစ်ခု ခုန်ထွက်လာတော့သည်။

အနှီအရိပ်ကား လက်ထဲ တစ်စုံတစ်ခုကို ချီမလာကာ တောင်နံရံကို ခြေကန်လျက် ချူဖုန်းထံ ဦးတည်လာလေသည်။ ချူဖုန်းသည် အစိမ်းရင့်ရောင်ခန္ဓာကိုယ်လေးကို တွေ့တာနှင့် မျက်လုံးများ တောက်ဖြာသွားတော့သည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now